Unicode

986 117 32
                                    


ရုပ်ရည်နဲ့ခန္ဓာကိုယ်ကို အမှတ်ပေးရရင် အီဟီဆွန်းက ၁၀မှတ်အပြည့်ပဲ။ဒါပေမယ့် ဂျောင်ဝန်းနဲ့ဂျယ်ယွန်းကို တပြိုင်နက်တည်းကစားသွားတဲ့ကိစ္စကိုထည့်တွက်လိုက်ရင်တော့ အဲ့လူက အနှုတ်၁၀မှတ်။

ဂျောင်ဝန်းနဲ့ဂျယ်ယွန်းက လိုင်းပေါ်ကတွေ့ကြပီး musical groupတစ်ခုကိုတူတူဝင်ထားကြသည်။ဂျောင်ဝန်းက တီးလုံးထွင်တာနဲ့ စာသားရေးတဲ့နေရာမှာ ဝါသနာလဲပါသလိုတော်လဲတော်ပီး ဂျယ်ယွန်းကတူရိယာတွေတီးတဲ့နေရာမှာတော်သည်။လောလောဆယ်အဖွဲ့သေးသေးလေးဆိုပေမယ့် ဂျောင်ဝန်းတို့က bandတစ်ခုဦးဆောင်တည်ထောင်ဖို့စိတ်ကူးရှိသည်။

အဖွဲ့ထဲဝင်ပီး နှစ်ဝက်ကြာပီးတဲ့အချိန်မှာ ဂျယ်ယွန်းက သူအခုနေနေတဲ့ဩဇီကနေ ကျောင်းပြောင်းပီး ဆိုးလ်မှာ ဂျောင်ဝန်းနဲ့အဆောင်တူတူငှားနေရင်း ကျောင်းပီးအောင်ဆက်တက်ကာ musicပိုင်းကိုဦးစားပေးလုပ်ဖို့ နှစ်ယောက်တူတူဆုံးဖြတ်လိုက်ကြသည်။

လေယာဉ်ပေါ်ကဆင်းလာပီး ဂျယ်ယွန်းကခရီးဆောင်အိတ်ယူတဲ့နေရာကို လျှောက်လာလိုက်တယ်။name tagချိတ်ထားဖို့မေ့သွားတာမလို့ ခရီးဆောင်အိတ်ပျောက်သွားမှာကြောက်တဲ့ဂျယ်ယွန်းက မြန်မြန်ဆန်ဆန် အိတ်အမဲရောင်ကိုရှာပီး ခရီးဆောင်အိတ်တွေလည်နေတဲ့ နေရာအဝိုင်းဆီက အားအကုန်သုံးလို့ဆွဲချလိုက်တယ်။

"အွီး~~လေးလိုက်တာ"

ဂီတာအိတ်ကိုကျောပေါ်လွယ်ထားတာကြောင့် စိတ်ရှိတိုင်းခါးကိုင်းလို့မရတဲ့အပြင် သူ့ခရီးဆောင်အိတ်ကလဲ ဩဇီတုန်းကထည့်ထားတာထက် ပိုလေးနေသလို။မနိုင်မနင်းဆွဲချပီး လက်ကိုင်ကိုင်းကိုမြှင့်လို့ ခါးပြန်မတ်လိုက်တယ်။ဥစ္စာခြောက်နေတဲ့ဂျယ်ယွန်းက ဘေးနားခရီးဆောင်အိတ်ရှိနေကာမှ စိတ်ချလက်ချ ဖုန်းထုတ်လို့ ဂျောင်ဝန်းဆီစာပို့လိုက်တော့တယ်။

"Gate 3 မှာဆုံမယ် ဂျောင်ဝန်း"

ဂျောင်ဝန်းနဲ့ဂျယ်ယွန်းက အသက်တစ်နှစ်ခွဲနီးပါးကွာသော်လည်း သူငယ်ချင်းတွေလိုတရင်းတနှီးပေါင်းသည်။အခုလဲ လေဆိပ်ကိုဂျောင်ဝန်းကလာကြိုမည်ဖြစ်သည်။

We are not playgrounds!!!! (One Shot)Where stories live. Discover now