အပိုင်း(36)

906 95 4
                                    

မိုရာတို့လဲမနက်စာစားပြီးရော သားကလဲနိုးလာတာမို့သားကိုသွားချီပြီးနို့တိုက်နေချိန် အစေခံကောင်လေးက ဝင်လာတာမို့လို့မိုရာတစ်ဖက်ကိုလှည့်လိုက်သည်။ဘယ်လိုပဲလက်ဆက်ပြီးလို့ အအိုပဲ ဖြစ်နေပါစေသူစိမ်းယောကျာ်းတစ်ယောက်ရှေ့မှာဒီလိူမျိုးမနေသင့်တာမို့ ဟိုဖက်ခြမ်းကိုအသာလှည့်လိုက်တော့ခါရူးကလဲအလိုက်တသိနဲ့ကွယ်ပေးသည်။

''ဘာကိစ္စ လဲ...''

''ဧည့်သည်တွေရောက်လာပြီလို့ လာပြောတာပါသခင်''

''အော်...အင်းခနနေရင်အထဲကိုလွှတ်လိုက်''

''ဟုတ်ကဲ့.''

အစေခံကောင်လေးပြန်ထွက်သွားတော့မှ မိုရာလဲဒီဖက်လှည့်ပြီးပြန်ထိုင်လိုက်သည်။

''သခင်..ဧည့်သည်တွေရောက်လာရင် မိုရာအိပ်ခန်းထဲဝင်လိုက်မယ်လေသားက လဲ ခုမှအိပ်ရာနိုးခါစဆိုတော့ပြန်အိပ်ဦးမှာမဟုတ်ဘူး''

''မလိုပါဘူး.. သူတို့ ကိုခနနေမှဝင်လာဖို့ပြောထားတယ်သားကိုသာ နို့ဝအောင်တိုက်လိုက်''

''ဟိုဖြစ်ပါ့မလားသခင်ရယ်..အားနာစရာကြီး ''


''အားနာစရာမလိုပါဘူးကွာ..သူတို့ကတွေ့ချင်တဲ့သူပဲစောင့်ပါစေ''

သခင်တစ်ယောက်နဲ့လဲ လုံးဝကိုပြောမနိုင်တော့ပေ။သူ့သားနဲ့ပက်သက်ရင်အရာရာဟာနောက်မှာပင်။သူ့သားကသာအဓိကဖြစ်သည်။အခုလဲ ဒီကိစ္စကသူစိတ်မပါပေမဲ့လဲမျိုးနွယ်အတွက်မဖြစ်မနေလုပ်ရမဲ့အလုပ်မို့လို့ကြိတ်မှိတ်လုပ်နေပေမဲ့လဲအလေးမထားပေ။ကြာလာရင်ဟိုဖက်ကလူတွေကသခင့်ကိုလေးစားမှာမဟုတ်တော့ပေ။


''အဲ့လိုတော့မပြောပါနဲ့သခင်ရယ်...သားကလဲနို့ဝနေပါပြီခေါ်လိုက်ပါ တအားကြာနေရင်ဘယ်ကောင်းမလဲ''

''အင်းပါ ....အပြင်ကလူတွေဧည့်သည်တွေကိုခေါ်ခဲ့ကြ''

အပြင်ကလူတွေကိုလှမ်းအော်ပြီးသိပ်မကြာလိုက် ယောကျာ်းတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ဝင်လာပြီးခါရူးကိုနှုတ်ဆက်သည်။

''ချန်မျိူးနွယ်က သခင့်ကိုနှုတ်ဆက်ပါတယ်''

''အင်းရပါတယ် ထိုင်ပါ''

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now