အပိုင်း(39)

1.2K 138 5
                                    

''အင်းးးး''

''ရာရာ...ကလေးလေး နိုးနေပြီလား''

''ဟင်...''

မိုရာနိုးထဲက ကိုယ်တွေလက်တွေနာနေတာဘာကြောင့်မှန်းမသိအခုခါရူးအသံကိုကြားမှပဲညက ကိစ္စကိုသတိရမိသွားသောကြောင့်မျက်နှာတွေပူသွားရသည်။လက်ဆက်ထားပြီးသားလူတွေကြားမှာဒီကိစ္စကပုံမှန်ပဲဆိုပေမဲ့လဲ ခါရူးကသားကို.ကိုယ်ဝန်စရှိထဲက ဒီကိစ္စကိုမလုပ်ပဲရှောင်ခဲ့မို့လို့ အခုအချိန်မှပြန်ပြီးအခုလိုမျိုးနဲ့ကြုံတွေ့နေရတော့မသိရင် လက်ဆက်ပြီးကာစအချိန် မဂ်လာဦးညကိုပထမဆုံးဖြတ်သန်းပြီးတဲ့အပျိုပေါက်လေးလိုခံစားနေရသည်။


''ဟင်..နိုးနေပါပြီ''

''သက်သာလားဟင်...နာနေ သေးလား''

''မ..မနာတော့ပါဘူး အဆင်ပြေပါတယ်သားရောဘယ်ရောက်နေလဲ''

''သားကနွားနို့သောက်ပြီးပြန်အိပ်နေတယ် စိတ်မပူပါနဲ့ သားကိုအကုန်သန့်ရှင်းရေးလုပ်ပေးထားပြီးသားပါ''

''အွန်းးး''

''အဲ့တာ ဆိုရင်လဲမနက်စာစားဖို့ပြင်ထားလိုက်မယ်သန့်ရှင်းရေးလုပ်ပြီး ထွက်လာခဲ့လိုက်နော်ဒါမှမဟုတ် ကိုယ်လုပ်ပေးရမလား''


''ဟမ်..ရပါတယ် မိုရာ့ဘာသာသန့်ရှင်းလိုက်ပါ့မယ်..သခင်ကအပြင်မှာပဲစောင့်နေလိုက်ပါ''

''ကောင်းပြီ..''

ခါရူးအနေနဲ့မိုရာ့ကိုမျက်နှာပူနေရသည်။သူညကကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိသွားတယ်မလား။မိုရာနဲ့ကဘယ်တုန်းကမှခုလိုမနေဘူးအမြဲနူးညံညင်သာပြီး မိုရာ့အတွကိအဆင်ပြေမဲ့နည်းလမ်းမျိုးနဲ့ပဲအတူတူနေကြတာများသည်။အခုတော့ဆေးအရှိန်နဲ့ ခါရူးစိတ်တွေလွတ်ထွက်ပြီး မိုရာ့အပေါ်ကြမ်းတမ်းစွာဆက်ဆံမိတာကြောင့် မိုရာ့ကိုအားနာရသလို မျက်နှာလဲမပြရဲပေ။မိုရာကိုယ်တိုင်လဲသူနဲ့မျက်နှာချင်းဆိုင်ရမှာတစ်မျိူးဖြစ်နေမှာကိုသူသိတာကြောင့်အပြင်ကိုပြန်ထွက်လာခဲ့တာဖြစ်သည်။တကယ်ဆိုရင် မိုရာ့ကို တောင်းပန်ချင်တာဆိုပေမဲ့လဲဘယ်ကနေစကားစရှာရမလဲမသိပေ။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now