အပိုင်း(41)

960 91 3
                                    

''ဘာပြောလိုက်တာ...''

မိုရာချော်လဲသည်လိူ့ပြောလို့ခါရူးလိုက်ကြည့်မိတော့သွေးတွေနဲ့သတိလစ်နေတဲ့မိုရာ့ကိုသာမြင်လိုက်ရတာမို့လူကဘာမှမတွေးနိုင်တော့ပဲ မိုရာ့ကိုအပြေးချီပြီးအိပ်ဆောင်ကိုသာအလောသုံးဆယ်ပြန်မိသည်။အခုတော့ဆေးဆရာပြောလိုက်တဲ့စကားကြောင့်ကိုယ့်နားတောင်ကိုယ်မယုံချင်။

အိပ်ဆောင်ကိုရောက်ထဲက မိုရာ့ရဲ့အောက်ပိုင်းကသွေးတွေကမြင်မကောင်းအောင်အဆက်မပြတ်စီးဆင်းနေတာဖြစ်ပြီး နာကျင်မှုကြောင့်ထင်သတိလစ်နေတာတောင်မိုရာကမျက်ခုံးများကိုကျုံ့ထားသည်။ဘယ်ကဘယ်လိုနာကျင်နေလဲဆိူတာခါရူးလဲမမှန်းဆတတ်။အောက်ပိုင်းကရောဘာကြောင့်များဒီလောက်ထိသွေးထွက်နေရတာလဲ။ကလေးမီးဖွားပြီးခါစထိခိုက်မိရင်တစ်မျိုးအခုက သားပင်ခြောက်လပြည့်နေပြီဆိူတော့ခါရူးမတွေးတတ်ပေ။ဒါပေမဲ့အခုဆေးဆရာရဲ့ပြောစကားမှာခါရူးပြောစရာပျောက်ရှတဲ့အထိဖြစ်ရသည်။ကလေးပျက်ကျတာတဲ့။မိုရာကလေ...

''ဟုတ်ပါတယ်.သခင်...သခင်မက သန္ဓေသားပျက်စီးသွားလို့အခုလိုသွေးအဆက်မပြက်ထွက်နေတာပါ''


''အဲ့တာဆို မိုရာရဲ့အခြေအနေကရော ဘယ်လိုလဲ''

''သခင်မက ကလေး ပျက်ကျတဲ့အရှိန်ကြောင့်သွေးထွက်များသွားလို့အားနည်းပြီးမေ့မျောနေတာပါ ခနနေရင်သတိရလာပါလိမ့်မယ်''


''ကောင်းပြီ.... သခင်မသောက်ဖို့ဆေးပေးခဲ့လိုက်ပါ..ပြီးတော့အခုကိစ္စကိုသခင်မကိုပေးမသိပါနဲ့ သူစိတ်မကောင်းဖြစ်လိမ့်မယ်''


''ဟုတ်ကဲ့ပါသခင်..ခွင့်ပြုပါဦး''

ဆေးဆရာထွက်သွားမှ ဖြူဖျော့နေတဲ့မိုရာ့ရဲ်မျက်နှာလေးကိုဖွဖွကိုင်ကြည့်ရင်းတောင်းပန်မိသည်။

''ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ကိုယ့်ကြောင့် ကိုယ်ဂရုမစိူက်မိလို့အခုလိုဖြစ်ရတာ''

ခါရူးလဲရင်နှင့်အမျှနာကျင်ရပါသည်။သူတို့ရဲ့ကလေးလေး..ရှိမှန်းတောင် မသိလိူက်ရတဲ့ကလေးလေးကအခုတော့မရှိတော့ဘူးတဲ့လေ။သားသားရှိနေလို့ ေနာက်ထပ်ကလေးယူဖို့တွေးမထားပေမဲ့အမှတ်မထင်ရလာတဲ့ကလေးလေးကအခုတော့သူတို့ဘဝထဲက ထွက်သွားပြီဖြစ်သည်။ရောက်လာတာလဲမသိလိုက်သလိုထွက်သွားတော့လဲ မြန်မြန်ဆန်ဆန်ပင်ဖြစ်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now