Available in both Unicode and Zawgyi. "ကိုကြီး ဖိနပ်ထဲ ကျော့ခြေထောက်သေးသေးလေး တိုးဝင် စီးလိုက်သည် အဲ့နေ့က စလို့ပေါ့... ကိုကြီးဘဝထဲ ကျော့ တိုးဝင်မိလိုက်ပြီ " ကျော့ဝတီ "ကျော့ဝတီ ဆိုသော နုနုနယ်နယ် ဖြူဖြူစင်စင် ကောင်မလေး ၊ နေသော်ခ မျက်လုံးထဲမှာ နတ်မိမယ်လေး အလား ။ ကိုယ်တို့ ၂ယောက် ရှေးဘဝ ရေစက်ပါတယ်လို့ ဆိုမိရင် လောဘကြီးရာ ကျသွားမလား " နေသော်ခ "ရည်ရွယ် ကလေ ကိုကို့အပေါ် အပြည့်အဝ ပုံအပ်ပြီး ပေးဆပ်ချစ်ချင်ခဲ့သူပါ ။ ကိုကိုတစ်ဦးတည်းအတွက်ပဲ ရှိခဲ့တဲ့ ရည်ရွယ့်အချစ်တွေကို ကိုကို မမြင်နိုင်ခဲ့ပေမယ့်ပေါ့ " ရည်ရွယ်ရာ "တစ်သက်နဲ့တကိုယ် ဆိုးသွမ်းပျော်ပါးသောက်စားလာခဲ့တဲ့ ကိုယ်ဟာ မင်းနဲ့တွေ့မှ အချစ်ဆိုတာကို သိခွင့်ရခဲ့တာမလို့ ကိုယ်အသက်ရှင်နေသ၍ မင်းဟာ ကိုယ့်အပိုင်ပဲ ဖြစ်စေရမယ် " တေဇာမောင်မောင်