☘️ Chapter 1

3.6K 136 2
                                    

☘️ Chapter 1


နွေဦးရာသီ၏အငွေ့အသက်များကဖြည်းညှင်းစွာကြွေပြားအမိုးများကိုဖုံးအုပ်ထားပြီး မိုးမခပန်း ရနံ့များကဝှေ့ယမ်းကာ ထုံသင်းသောရနံ့များထုတ်လွှတ်လျက်ရှိသည်။

"ဒီမှာ တစ်ရာတန်ငွေလက်မှတ်တွေ ပုလဲကတစ်ဗူးအပြည့်....."

ဖန်ကျင့်ကျိုက်က သူ့လက်ထဲကခေါက်ယပ် တောင်ကိုပိတ်လိုက်ပြီး ငွေစက္ကူနဲ့ပုလဲဗူးကို သူ့ရှေ့က လူဆီတွန်းပို့လိုက်ပါတော့တယ်။

ငွေစက္ကူတစ်ရာသည် စာရွက်တစ်ရွက်ဟုသာယူဆရသော်လည်းငွေတစ်ရာအောက်၌ထူထဲသောအလွှာ များရှိနေလေရာ ငွေစက္ကူတစ်ရာထက်ပိုများနိုင် သည်။ ပုလဲလုံးများသည် သိပ်မများလှသော် လည်းပုလဲပုတီးတစ်လုံးစီသည် အလွန်ချောမွေ့ကာ၊ တောက်ပပြီး ထိုတောက်ပနေသောအရောင်အသွေးကိုတစ်ချက်ကြည့်လိုက်ခြင်းဖြင့် ၎င်းတို့သည်အလွန်တန်ဖိုးရှိကြောင်းသိထားပြီးဖြစ်သည်။ ဒါပေမယ့် အဲဒီလူကဘေးတိုက်ထိုင်နေပြီးတော့ ငွေနဲ့ ပုလဲကရှေ့မှာရှိနေပေမယ့်လည်း လုံးဝတုတ်တုတ်မလှုပ်လာချေ။

"ဟ !" 

ဖန်ကျင့်ကျိုက်က ရယ်လိုက်ပြီးစားပွဲခုံကိုဖြည်း ညင်းစွာပုတ်ရင်း

"လမ်းပေါ်ကလူက ပုလဲတစ်လုံးလိုပဲ၊ ဒီသခင်က လည်းအတုမရှိဘူး....ဒီနေရာရဲ့အကျော်ကြားဆုံး (အကျော်ကြားဆုံး Ace ) ဆိုတာနဲ့ထိုက်တန်ပုံရပါတယ်၊ ဒါပေမယ့် ဒါတွေက မင်းမျက်လုံးထဲကိုမရောက်ဘူးထင်တယ်။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ ! လူတွေ မင်းကို တစ်ညဘယ်လောက်ပေးလဲ ၊ ဒီသခင်က မင်းကို အဲဒီ့ထက်နှစ်ဆပေးပိုပေးမယ်"
( ဒီဇာတ်လမ်းမှာ ဖန်ကျင့်ကျိုက်က သူ့ကိုယ်သူ ဒီသခင်လို့သုံးတယ် )

မိုယုသည် ခေါင်းကိုလှည့်ကာ လှပချောမောသောမျက်နှာ၊ ရှည်လျားသောမျက်ခုံးမွှေး၊ ဖီးနစ်မျက် လုံးများ၊ နှုတ်ခမ်းပါးလွှာသော နှုတ်ခမ်းနီများ သည် ပန်းရောင်ဖျော့ဖျော့ရောင်ဝတ်ရုံဖြင့် လှပတင့် တယ်သောတိတ်ဆိတ်သောအလင်းရောင်တို့ရော နှောနေသောကြောင့် လူများအနားမကပ်ရဲတော့ပေ။ သစ်ခွကဲ့သို့ မာနအပြည့်ရှိပုံရသည်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now