☘️ Chapter 2

881 107 0
                                    

☘️ Chapter 2


သူ့လက်သီးက စားပွဲကိုထိသွားပြီးတော့ ဖန်ကျင့်ကျိုက် ခါးကိုကိုင်းလိုက်ပြီး

"စျေးပေါတဲ့ဘဝမှာမွေးဖွားလာပြီးတော့များ မင်းကိုယ်မင်းကြီးမြတ်သလိုလိုလုပ်နေတာ၊ ကျွစ်! ဒီသခင်တောင် မလိုချင်တော့ဘူး!"

သူပြောပြီးတာနဲ့ တန်းထွက်သွားခဲ့သည်။

ပြဿာနာကို တောင်းဆို‌နေသလိုဖြစ်သွားတာပဲ!

လက်ထဲဝိုင်တစ်လုံးကိုကိုင်ပြီး ပုလင်းထဲကစပျစ် ရည်ကိုသောက်လိုက်ပေမဲ့ ဘာမှမရှိတော့ဘူးဖြစ်သွားတယ်။

"စားပွဲထိုး၊ ဒီကို ဝိုင်ယူလာခဲ့!"

စားပွဲထိုးက ဝိုင်ပုလင်းကိုကိုင်ပြီးမူးနေပြီဖြစ်တဲ့ သူ့ကိုကြည့်ရင်း စားပွဲထိုးကသူ့ကိုကြင်နာစွာသတိပေးလိုက်သည်။

"သခင်၊ အလွန်အကျွံသောက်မိရင်သခင့်ရဲ့ကျန်းမာ ရေးကိုထိခိုက်သွားလိမ့်မယ်!"

"ဘာလဲ ? မင်းက ငါ ပိုက်ဆံမရှင်းနိုင်မှာကြောက်နေတာလား ?"

ဖန်ကျင့်ကျိုက် စားပွဲပေါ်တင်ထားတဲ့ ငွေတုံးအလတ်စားတစ်ချို့ကိုချပြလိုက်ပြီး

"ငါ့မှာ ပိုက်ဆံတွေအများကြီးရှိတယ်..... ငါ့မှာ ပိုက် ဆံတွေအများကြီးရှိတယ်၊ ဒီလောက်ဆို လုံလောက်ပြီလား ?"

"လုံလောက်ပြီ...."

စားပွဲထိုးက မကျေမနပ်ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ သူသည် ဤကဲ့သို့လူတစ်ယောက်ကိုအကြိမ်ပေါင်းများစွာမြင်တွေ့နေရသည်။ သူသေသည်အထိ သောက်နေပါစေ ငွေရှင်းနေသမျှကာလပတ်လုံး သူ့ကိစ္စမဟုတ်ချေ။

ဖန်ကျင့်ကျိုက်ပုလင်းကိုမလိုက်ရာ သူ့လက်က တုန်ယင်‌နေပြီး ခွက်အပြင်ဘက်၌သာ ဝိုင်ကိုအမြဲ လောင်းချမိနေရာ ရုတ်တရက်ဒေါသထွက်သွားပြီး ခွက်ကိုမလိုတော့ပဲ ပုလင်းထဲကဝိုင်ကိုတိုက်ရိုက်မော့သောက်လိုက်သည်။

ဖုန်ရုန်ချန်၊ ဖုန်ရုန်ချန်၊ ဖြစ်နိုင်ချေအားလုံးထဲမှာမှ သူတို့နှစ်‌ယောက် ယခင်ဘဝ၌ ရန်သူများသာဖြစ်ရမည်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now