EPISODE 9

6.3K 587 58
                                    

Unicode

"ဘယ်မှာလဲစွမ်းအင်ဗဟိုချက်က...."

ကြင်ယာတော်လေးကနဲ့နန်းနွယ်တို့ဟာအချင်းချင်းမေးမြန်းရင်းနဲ့ပဲ ချူသံတချွင်ချွင်အကြားကနေ ကျောင်းသားများရဲ့အဆောင်တော်ကနေခပ်လှမ်းလှမ်းကိုရောက်ရှိသွားတော့သည်။

ကောင်းကင်ဘုံရဲ့ညဘက်ကာလအပိုင်းအခြားက လုံး၀မှောင်မိုက် နေတာမဟုတ်သော်လည်း ချင်းချင်းလင်းလင်းကြီးလည်းဖြစ်မနေပေ။ထိုအစား လနတ်ဘုရားရဲ့ကြီးကြပ်မှုနဲ့အတူ ခပ်အေးအေးသာထုတ်လွှတ်နေသည့် အရှိန်ဖြင့်ကောင်းကင်ဘုံတစ်ခွင် လရောင်ဖြာကျနေ၏။ထို့အတူ သူရိယတောင်ပေါ်သည်လည်း သူရိယနတ်ဘုရားရဲ့အနားယူချိန်ဖြစ်တာမို့ ပတ်၀န်းကျင်သည် အနည်းငယ်မှောင်စပျိုးကာ လရောင်ဖြင့်သာအဖော်ပြုနေရ၏။

"စွမ်းအင်ဗဟိုချက်နေရာကဒီနားမှာရှိနေတာလို့ပြောပြဖူးတယ်"

"ဘယ်သူပြောပြတာလဲ"

ကြင်ယာတော်လေးက မေးဆတ်ကာမေးလိုက်တော့
နန်းနွယ်ကရှက်ကိုးရှက်ကန်းဖြစ်သွား၏။သို့ပေမယ့်ကြင်ယာတော်လေးကလည်း တစ်ကယ့်ကိုပြူးပြူးလေးကြည့်နေတာမို့ သူမဟာမလိမ်ညာရဲဘဲ

"နေနတ်ဘုရားအိမ်တော်ကအစောင့်နတ်သားလေးပြောပြတာဘုရား"

"နေရာအတိအကျကရော"

"အဲ့တာတော့ မပြောပါဘူး၊ဒီနားရှိမယ်ပဲ...."

"အဲ့တာကိုများ နန်းနွယ်ရယ်"

နန်းမြကမျက်လုံးလေးကိုလှန်ကာကြည့်ရင်းခါးထောက်ပစ်လိုက်သည်။ဒီလို မတိကျတဲ့သတင်းအချက်အလက်နဲ့များ သူတို့ကို ဒီလောက်ဝေးဝေးအထိ လမ်းလျှောက်စေသည်တဲ့လေ ! တစ်ကယ်လို့ သူပြောတာမှန်ရင်တော့ကောင်းပါသည်။မမှန်ရင်လာရတာကအလကားပင်။

"ကဲပါ...ဗဟိုချက်ကိုလိုက်ရှာကြည့်ကြတာပေါ့၊ရောက်ပြီးမှတော့ ဒီအတိုင်းကြီးပြန်သွားရမှာ သိပ်မတန်သလိုခံစားရတယ်"

ကြင်ယာတော်လေးကပင်သူ့ရဲ့အစေမလေး၂ယောက်ကို နားလျလိုက်ရင်းဦးဆောင်ကာ ထိုပတ်၀န်းကျင်ကိုစူးစမ်းလိုက်သည်။စူးစမ်းသည်ဆိုရာမှာလည်း သူ့ရဲ့ မူလစိတ်စွမ်းအင်များကိုအပြည့်အ၀ မထုတ်ရဲခဲ့။ဘေးနားပတ်၀န်းကျင်နဲ့တောင်ပေါ်အနှံ့နတ်ဘုရားများနဲ့အဆင့်မြင့်ပုဂ္ဂိုလ်များစွာရှိတာမို့ သူ့ရဲ့နဂိုစွမ်းအင်ကိုသာထုတ်လွှတ်လိုက်ရင် ရင်ဆိုင်ရမည့်ပြသနာကနည်းနည်းနောနောမဟုတ်ပေ။

ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now