🎋 Chapter 9

545 55 4
                                    

🎋 Chapter 9

အဲဒီနောက် ဖုန်ရုန်ချန် နောက်ထပ်နှစ်ကြိမ်ခန့်ထပ်လုပ်ခဲ့သည်။နောက်ပိုင်းဖန့်ကျင့်ကျိုက်တစ်ယောက်ရှူသွင်းတာထက် ပိုရှူထုတ်ပါတယ်။

သူနိုးလာသောအခါ ဖုန်ရုန်ချန်သည် ဖယောင်းတိုင်မီးမှိန်မှိန်ဖြင့်တစ်စုံတစ်ခုကိုဖတ်နေကာ စားပွဲရှေ့တွင်ထိုင်နေသည်။ အသံကြားပြီး မော့ကြည့်လိုက်တာတောင်မှ သူ့အပြုံးကအရမ်းကြည့်ကောင်းနေဆဲပင်

"နိုးပြီလား ?"

ဖန့်ကျင့်ကျိုက်က သူ့တစ်ကိုယ်လုံး အရိုက်ခံရသလို ခံစားရတယ်၊ သူ့တစ်ကိုယ်လုံးနာကျင်နေပြီး အထူး သဖြင့် အဝင်အထွက်ပြုထားတဲ့နေရာပင် ဒေါသထွက်သွားပြီး ခေါင်းကိုလှည့်လိုက်တယ်။

ဟ !

ဖုန်ရုန်ချန်က ဘာမှပြန်မပြောဘဲ သူ့စုတ်တံကိုဖယ်ကာထလိုက်ပြီး ရေနွေးနှင့်ညစာပြင်ဆင်‌ပေးရန်အတွက် စားပွဲထိုးကိုခေါ်ရန်တံခါးဆီသို့သွားလိုက်သည်။

ဖန့်ကျင့်ကျိုက်က စိတ်ဆိုးနေတဲ့မျက်နှာထားနဲ့ ဖုန်ရုန်ချန်ကိုအလုပ်များခိုင်းစေပြီး သူ့ကိုယ်သူ သခင်လိုပုံစံဖြစ်အောင်လုပ်လိုက်တယ်။

"မင်း ချီရှန့်ကောဆောင်ကြာမြိုင်ကို မကြာခဏ သွားလေ့ရှိတာ ငါ တွေ့မိပါတယ်၊ ဒါပေမယ့် မင်းအလှည့်ရောက်တော့မှ မင်းက သစ်သားတုံးကြီးနဲ့တူနေတယ်၊ 'အိပ်ရာပေါ်က ပျော်ရွှင်မှု' ကိုဘယ်လိုမှ မသင်ယူနိုင်ဘူးပဲ"

ဖုန်ရုန်ချန်သည် ရေချိုးကန်ထဲထိုင်နေသောဖန့်ကျင့်ကျိုက်ကူညီရန် အင်္ကျီစများကို ခေါက်တင်ထားလိုက်ပြီး ကျောကိုပွတ်တိုက်ပေးရင်း တစ်နည်းနည်းဖြင့် ဤသို့သောစကားမျိုးထွက်လာခဲ့သည်။

ဖန့်ကျင့်ကျိုက်က သူ့ခေါင်းကိုလှည့်ပြီး ဖုန်ရုန်ချန်ကိုစိုက်ကြည့်ရင်း

"မင်းက ဒီသစ်သားတစ်တုံးကို သုံးခါတောင်လုပ်နိုင်သေးတာလား ? မင်းရဲ့ 'အိပ်ရာပေါ်က ပျော်ရွှင်မှု' ကို ငါ့ကို ဘာလို့မပြတာလဲ..!"

သူနောင်တရနေပြီဟုပြောပြီးနောက်၊ ထိုအချိန်တွင် သူလုံးဝမူးနေပြီး အခြေအနေကို လုံးဝရှင်းရှင်းလင်း လင်းမသိရဘဲ ဖုန်ရုန်ချန်သည်လည်း ခါးသီးမှုက သူ့ထက်တော့မနည်းပေ။ ထိုကဲ့သို့ တွေးလိုက်တိုင်း သူ့စိတ်က အနည်းငယ်သက်သာသွားသလိုခံစားလိုက်ရသည်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now