Unicode
ဓားအရှင်ငယ်လို့ လူသိများတဲ့ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ သားတော် အဓိပတိရာဇဟာ ထိပ်သီးနတ်ဘုရားတစ်ပါးအဖြစ်ကို အသက် ၁၄ နှစ်နဲ့ အချိန်တိုအတွင်းကျော်ဖြတ်နိုင်ခဲ့သည့် သတင်းကကောင်းကင်ဘုံတလွှားဟိုးလေးတကျော်ဖြစ်ခဲ့သည်။
ကောင်းကင်ဘုံမှာက ထိပ်သီးနတ်ဘုရားအရေအတွက်က လက်ချိူးရေလို့ရနိုင်ပြီး သက်ရှိထင်ရှားနဲ့ ရှိနေတာက အုပ်ချုပ်သူအရှင်နဲ့ နေနတ်ဘုရားသား။ ထို နှစ်ပါးလုံးကလည်း နှစ်ပေါင်းမြောက်မြားစွာကြာပြီးမှ ထိုအဆင့်ကိုထိုးဖောက်ကြပြီး ခက်ခက်ခဲခဲနှင့်ရရှိခဲ့ကြခြင်းဖြစ်လေရာ ဤဆယ်ကျော်သက် နတ်ဘုရားလေးရဲ့ ပါရမီနဲ့ စိတ်စွမ်းအင်အထုံသည် အင်မတန်မှ ထူးခြားကာပြိုင်ဘက်ကင်းဖြစ်သည်ဟု ဆိုနိုင်လေသည်။
ဤဖြစ်ရပ်က ကောင်းကင်ဘုံတစ်ခုလုံးကိုလှုပ်ကိုင်နိုင်ခဲ့ပြီး ခမည်းတော်ဖြစ်သူ အုပ်ချုပ်သူအရှင်ကိုပါ နှစ်ထောင်းအားရစေခဲ့သည်။သူ့ရဲ့ သားတော်က ဤကဲ့သို့ ပါရမီထူးကဲသည်တဲ့လား။ အုပ်ချုပ်သူအရှင်ဟာ သုံးလောက ကို စည်းမျဉ်းခံပြီး အနှိုင်းမဲ့မေတ္တာနဲ့ အုပ်ချုပ်တော်မူတာဖြစ်ပေမယ့် အတ္တလေးတစ်ခုကသူ့မှာ ရှိသေးသည်။ ထိုအရာက မကြာမီအတွင်းလွှဲပြောင်းရတော့မယ့် အုပ်ချုပ်သူနေရာကို အထူးရေပန်းစားကာ ပြိုင်ဘက်မရှိ ဖြစ်နေသည့် နေနတ်ဘုရားကို မပေးလိုခြင်းဖြစ်၏။ ဒါကြောင့်ပဲသူဟာ လူ့ပြည်က သူ့ရဲ့ အမည်ခံသားတော်နဲ့ညှိနှိုင်းပြီး ကြင်ယာတော်တစ်ပါးကို နေနတ်ဘုရားရဲ့အနောက်ဆောင်ကို ပို့ပေးလိုက်ခြင်းဖြစ်၏။ ကြီးမြတ်တဲ့နေနတ်ဘုရား က လူသားတစ်ယောက်နဲ့လက်ဆတ်လိုက်သည့်အတွက် အားသာချက်မည်မျှများနေပါစေ ဤအချက်ကပင် နေနတ်ဘုရားကို ထိပ်သီးနတ်ဘုရားအဆင့်မှ ချွတ်ယွင်းစေလိမ့်မည်ဖြစ်သည်။
ယခုတော့ အထွေအထူးပင် သူစိုးရိမ်စရာမလိုတော့။
သူ့သားတော်က အချိန်အတန်ကြာပျောက်သွားပြီးတဲ့နောက်မှာ ပြိုင်ဘက်ကင်း ထိပ်သီးနတ်ဘုရားအဖြစ်ကိုတက်လှမ်းခဲ့ပြီ။ကောင်းလေစွ !!
သို့ရာတွင် ထိုအပျော်က ကြာရှည်မခံလိုက်။
YOU ARE READING
ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]
FantasyWhat's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024