EPISODE 28

4.7K 402 22
                                    

Unicode

"နင်အဲ့မှာ ရပ်လိုက်  ! "

လနတ်ဘုရားမိဖုရား၏အသံကစူးခနဲ။
ရူရူခြေလှမ်းတွေကို မသိမသာလေးဖြည်းလိုက်ပြီးပြုံးလိုက်သည်။ ငါးတွေကတော့ ပိုက်ကွန်ထဲ၀င်လာပြီ။ သူကအသာလေးထိုင်စောင့်နေရုံသာ။သို့ပေသည့် ဤတစ်ခါကတော့မတူ။မိမိလက်တွင်းသို့ပင်သက်ဆင်းလာခဲ့သည်။

"ဟဲ့ ဒီလောက် ခေါ်နေတာကိုမကြားဘူးလား ! "

လမိဖုရားကထပ်မံ၍ခေါ်လိုက်၏။သို့သော် ရူရူကမကြားဟန်သာပြုပြီး မိဖုရားမယ်မယ်၏နန်းဆောင်ပန်းခြံထဲသို့လျှောက်လှမ်းသွားလိုက်သည်။

"ဟဲ့ ဒီမှာ ငါ့အမတော်ခေါ်နေတယ်လေ၊ နင့်မှာနားမပါတော့ဘူးလား ! "

ကြယ်နတ်ဘုရားမိဖုရားကပါ အသံစူးစူးနဲ့ ရူရူ့ကိုလှမ်းပြောပြန်သည်။

သို့သော် ရူရူကမကြားဟန်သာပြုရင်း ပြုံးလျက်သာ ခြေလှမ်းတွေကို ပိုမြန်လိုက်၏။ထိုအရာကို သတိထားမိသည့်မိဖုရားနှစ်ပါးတို့ကလည်း ပြုံးလိုက်၏။ သူမတို့ အတွေးတွေက ဤအဆင့်နိမ့်ကောင်က သူမတို့ကို မရင်ဆိုင်ရဲလို့ ထွက်ပြေးဖို့ ကြံရွယ်နေသည်ဟုထင်လိုက်ခြင်းပင်။

လမိဖုရားနဲ့ ကြယ်မိဖုရားတို့က အချင်းချင်း အဓိပ္ပာယ်ပါပါကြည့်လိုက်ကြသည်။

ထို့နောက် သူမတို့က ပြေးမတတ်လမ်းလျှောက်ရင်း ရူရူ့အနားကိုအရောက် ရူရူ့ကိုဆွဲလှည့်ဖို့လုပ်လိုက်သည်။သို့ရာတွင် လက်ကတန်းလန်းမှာပင် တဖြောင်းဖြောင်း ရိုက်ချခြင်းခံလိုက်ရတာက သူမတို့လက်များပင်။

"အာ့  ! "

နှစ်ယောက်ပြိုင်တူအော်မိကြရင်း လက်လေးပြန်သိမ်းကာသူမတို့ကိုဘယ်သူရိုက်လိုက်သလဲတရားခံရှာနေကြတော့၏။

"ဘယ်သူလဲ ငါတို့ကိုရိုက်ရဲတာ ထွက်ခဲ့စမ်းအခုချက်ချင်း ! "

"တောက် ! ရာရာစစ ငါတို့ကိုများကရန်စရဲသလားဟေ့ "

မိဖုရားနှစ်ပါးကမျက်လုံးနှင့်ပါးစပ်တို့မှအခိုးအငွေ့များထွက်ကာ သူမတို့၏အသွင်အပြင်ကကြောက်မက်ဖွယ် မိစ္ဆာမများသဖွယ်ဒေါသကြောင့်သရုပ်ပျက်နေကြပြီဖြစ်သည်။

ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now