part 1

99 16 1
                                    

နွေးထွေးစွာဖြာကျနေသော နေရောင်က မှန်နံရံတွေကိုထိုးဖောက်ကာ Jisung အလုပ်ခန်းထဲက စားပွဲပေါ်သို့ရောက်ရှိလာသည်။

စာရိုက်နေတဲ့ လက်တို့ကရပ်တန့်သွားရပြီး
တပ်ထားသော မျက်မှန်ကိုချွတ်ကာ စားပွဲပေါ်ချလိုက်၏။

တစ်မနက်လုံး ရှိသမျှဖိုင်တွေအကုန် လက်မှတ်ထိုးရပြီး အတွင်းရေးမှူးလာပြသော ပရောဂျက်တွေကိုစီစစ်နေရတော့ လူကအတော်ပင်ညောင်းညာနေလေပြီ။

လက်ကိုထုတ်ကာ အကြောဆန့်ပြီး အညောင်းဖြေလိုက်တော့ နည်းပေါ့ပါးလာသလိုခံစားရသည်။

"အသက်ငယ်တဲ့ CEO ဖြစ်ရတာ မလွယ်ဘူးပဲ"

ဖြည်းညင်စွာ ရေရွတ်ရင်း အသာလေးပြုံးမိသည်။

အထက်တန်းပြီးတော့ ပြည်ပမှာကျောင်းတက်ပြီး ဘွဲ့ရပြီးတာနဲ့ အဖေဖြစ်သူရဲ့ ဆန္ဒကြောင့်အလုပ်ဝင်လုပ်ခဲ့ကာ သူ့ရဲ့ကြိုးသားမှုကြောင့်ရော အရည်အချင်းကြောင့်ပါ တစ်ဖြည်းဖြည်းတိုးတက်လာသော company ဟာအဖေဖြစ်သူဆီမှ လက်လွှဲစိတ်ချထားနိုင်သည်အထိပင်။

"ပင်ပန်းနေရောပေါ့ CEO "

ထိုအချိန်ရုံးခန်းထဲသို့ဝင်လာသော Felix ကမေးလာသည်။

"တံခါးခေါက်ရမယ်ဆိုတာ နားမလည်ဘူးလား"

မကျေမနပ်ပြန်ပြောတော့ Felix ကပြောင်စပ်စပ်လုပ်ပြ၏။

ဘယ်လိုလူလဲမသိပါ။ ဝမ်းကွဲညီဖြစ်ပြီး
သူငယ်ချင်းလည်းဖြစ်တဲ့ Felix က သူ့ရဲ့ အရှုပ်အထုပ်ဖြစ်နေတာ အမှန်။

"နေ့လယ်စာစားဖို့လာခေါ်တာ အဲဒီ့လို မျက်နှာထားကြီးနဲ့ ပြန်ရန်တွေ့မနေနဲ့"

"ဒါဆိုလည်းကောင်းတာပေါ့"

"အင်း မြန်မြန်လိုက်လာခဲ့ဦး"

"ကောင်းပြီ"

ရုံးခန်းထဲကထွက်လာသော Jisung မှာတော့ အရယ်အပြုံးမရှိ တည်ငြိမ်တဲ့ CEO အဖြစ် ဝန်ထမ်းများရိုသေ ဦးညွတ်ခြင်းကိုခံရပြန်သည်။

သူဒါတွေနဲ့ နေသားကျနေပါပြီ။

________________________

အထက်တန်းကျောင်းတစ်ခု၏ ခေါင်မိုးထပ်တွင်
ကျောင်းသားတစ်ချို့စုဝေးလျက်ရှိသည်။

Mr. HanМесто, где живут истории. Откройте их для себя