☘️ Chapter 13

315 32 4
                                    

🎋 Zui Xing Mai Shen
🎋Chapter 13

1
မိမစစ်ဖမစစ် !

မိမစစ်ဖမစစ်! အယုတ်တမာ! အယုတ်တမာကောင်!

သောက်ပဲ! ရှစ်ဘ၀လောက်များရန်ငြိုးရှိနေသလား။

ဖန့်ကျင့်ကျိုက်သည် လူသေတစ်ယောက်လိုကုတင်ပေါ်တွင်လဲလျောင်းနေပြီး မျက်လုံးအောက်ရှိအမည်းဝိုင်းများက ကျေကျေနပ်နပ်ကြီးပြသနေ သည်။ ဖုန်ရုန်ချန်ကြောင့်မဟုတ်ရင်... ဒီဆေးက တကယ်အစွမ်းထက်တယ်၊ ဖြေဆေးသောက်ဖို့ဆေးဆိုင်ကိုသွားပြီး အာနိသင်ပြီးရင် ဖန့်ကျင့်ကျိုက်က အသက်ထက်ဆုံးမောပန်းနေလိမ့်မယ်။

ထိုမိန်းမတို့သည်လည်း ပင်ပန်းလွန်း၍မထနိုင်တော့ချေ။ သူတို့ခဏလောက်အနားယူဖို့ ကမ်းစပ်မှာရပ် နေပုံရသည်။ ဤအခိုက်အတန့်တွင် ရယ်မောနိုင်သောသင်္ဘောတစ်စင်းလုံးမှ တစ်ဦးတည်းသော သူမှာဖုန်ရုန်ချန်ဖြစ်သည်။ အစမှအဆုံးအထိ ကြည့်ရှုရန်ဘေးဖယ်နေသူတစ်ဦးဖြစ်နိုင်သည်။

"ဒါ သောက်လိုက်ပါလား ?"

တည်းခိုခန်းသို့ပြန်ရောက်ပြီးနောက်၊ ဖုန်ရုန်ချန် သည် နေ့တစ်ဝက်ခန့်တွင် ဟင်းချိုပန်းကန်တစ်လုံးကိုလက်ထဲတွင်ကိုင်ဆောင်ကာပြန်လာခဲ့သည်။

ဖန့်ကျင့်ကျိုက်သည် ပန်းကန်လုံးကိုယူ၍ အနည်း ငယ်တစ်ကျိုက်သောက်လိုက်ရာ ထူးဆန်းသောအရသာရှိနေသည်။ ဆေး၏အရသာနှင့် ငါးအနံ့ကိုရလိုက်သဖြင့် သတိလက်လွတ်မျက်မှောင်ကြုတ်လိုက်ရင်း

“ဒါက ဘာကြီးလဲ ? သောက်ရခက်လိုက်တာ !”

"ဒန်းဂု (တရုတ်ဆေးတစ်မျိုး) နဲ့ ကျားလိင်တံစွပ်ပြုတ် "

"Pft.. အဟွတ် အဟွတ်! အဟွတ်!”

ဖန့်ကျင့်ကျိုက်က သူ့အဖြေကြောင့် ဆို့နင့်လာပြီး ဒေါသထွက်ကာ ပန်းကန်ကိုရိုက်ခွဲလိုက်သည်။

“ဖုန်မျိုးရိုးနဲ့ကောင် မင်း ငါ့ကို ကစားရတာကိုများစွဲလန်းနေတာလား ?”

ဖုန်ရုန်ချန်က ရုတ်တရက် အပြစ်ကင်းတဲ့အမူအယာကိုပြပြီး

"ဒီလိုမျိုး မင်းဘယ်လိုလုပ်ပြောရက်ရတာလဲ။ ငါ ဒုတိယသခင်လေးဖန့်ကိုလည်း ဂရုစိုက်တယ်... ဒီလိုကစားထားတာ ပြန်ဖြည့်စွက်ရမယ်လေ"

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now