အပိုင်း၅

1.2K 126 21
                                    

(Unicode)

ရင်ခွင်ထဲကကောင်လေးအိပ်ပျော်နေတာကို
ရမ်လ်မက်စ်မှာကြည့်ကာနှုတ်မှလဲ

"မင်းဘယ်ကလာလဲဆိုတာတော့ငါမသိဘူး
မင်းကငါ့အရှင်ရဲ့တိုင်းပြည်ထဲမှာရောက်နေ
တာ အဲ့တော့မင်းကိုငါ့အရှင်ပိုင်တယ် ငါ့အရှင်
ရဲ့အရိပ်အောက်မှာပဲနေပါအသည်းအသက်ရယ် နေရပ်‌ဆီကိုလည်းပြန်မသွားပါနဲ့ ငါ့အရှင်ကမင်းကိုမြင်မြင်ခြင်းထဲက မြတ်နိုးခဲ့တာပါ မင်းငါ့အရှင်ရဲ့လောင်းရိပ်ကနေလည်းရုန်းထွက်ဖို့လဲမကြိုးစားပါနဲ့ တကယ်လို့ထွက်ပြေးသွားရင်တောင် ကိုယ်ကရအောင်
လိုက်ဖမ်းမှာမလို့ ထွက်ပြေးလို့မရဘူး ကိုယ့်
အသည်းအသက် တကယ်လို့ထွက်ပြေးချင်
တယ်ဆိုရင်လည်းခြေထောက်တွေကိုလိမ်ချိုးပြီး မံမီအဖြစ်သာပြောင်းရုံပဲ"

ရင်ခွင်ထဲကကောင်လေးကတော့ရမ်လ်မက်စ်
ပြောနေတဲ့စကားတွေကိုမကြားဘဲအိမ်မက်
ကမ္ဘာထဲမှာလက်ပစ်ကူးနေလေသည်။

"သား သား လာတော့"
မေမေရဲ့အသံကြောင့်မိုးစက်တာရာမှာနိုးလာလေတော့သည်။

"မေမေ မေမေလားဟင်?"
ဆိုပြီးတင်းကျပ်နေအောင်ဖတ်ထားလေတော့
သည်

"မေမေသားဒီမှာမနေချင်ဘူး သားကိုပြန်ခေါ်
သွားပါမေမေ ဟင့်မေမေသားမေကြီးတို့ဖေကြီးတို့မမတို့ကိုသတိရတယ်"
ဆိုပြီးငိုယိုကာမိခင်ကိုတင်းကျပ်စွာဖတ်ထား
ရင်းပြန်လာခေါ်ဖို့ပြောနေလေသည်မိခင်မှာသားဖြစ်သူရဲ့ခေါင်းလေးကိုပုတ်ပေးရင်း

"သားကိုလည်းမေမေတို့က သတိရပါတယ်
သားရယ် ဒါပေမဲ့သားကိုမေမေတို့ကခေါ်လို့
မရသေးဘူးသား အချိန်မကျသေးဘူး"

မိုးစက်တာရာမှာခေါင်းကိုသွင်သွင်ခါရမ်းရင်း
နဲ့ပင်

"ဟင့်အင်း မရဘူး မရဘူး သားကိုခေါ်သွားပါနော် နော် မေမေ အဟင့် ဟင့် သားကိုမထားခဲ့ပါနဲ့"ဆိုကာငိုယိုနေလေတော့သည်။

"မရဘူးသားလေး ခေါ်လို့မရ‌ေသးဘူးသားသားလေးသွားတော့"ဆိုကာတွန်းထုတ်လိုက်
လေသည်။

"မေမေ!!! မဟုတ်ဘူး!!!သားကိုမထားခဲ့ပါနဲ့!!!
မေမေ!!!"ဆိုကာငိုယိုကာအော်နေလေတော့သည်

Loyal of the Nile River (နိုင်းမြစ်ကိုသစ္စာတည်၍)Where stories live. Discover now