EPISODE 36

2.4K 313 22
                                    

Unicode

အသူရာစစ်ပွဲသုံးလအကြာ။

မီးနတ်ဘုရားဗိမ္မာန်တော်၏ ပင်မနန်း‌ဆောင်တွင်ဖြစ်သည်။ နန်းဆောင်အတွင်းရှိသလွန်ပေါ်တွင် မျက်နှာထား ခပ်တည်တည်နှင့် သေးသွယ်ကာ ကျော့ရှင်းသည့် အလှမဟေသီတစ်ပါးက စံမြန်းနေပြီး ကြမ်းပြင်ပေါ်နှင့် နန်းဆောင်၏ဖွင့်လှစ်ထားသောတံခါးများမှ မြင်နေရသည့် နန်းဆောင်၏မျက်နှာစာမှအစ အနီရောင် နတ်စစ်သည်များဖြင့်ပြည့်နှက်နေသည်။

အားလုံးက တင်းမာသော စရိုက်ကိုယ်စီနှင့် အနှီ သလွန်ပေါ်မှမဟေသီဘုရား၏ အမိန့်တော်ကိုစောင့်ဆိုင်းနေကြသယောင်။

အားလုံးက တိတ်ဆိတ်နေခိုက် နန်းဆောင်၏ဘေးတံခါး၀မှ အခြွေအရံအမျိုးသမီးတစ်ဦးကတိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။သူမဟာ အခြွေအရံပင်ဖြစ်လင့်ကစား နတ်စစ်သည်ချပ်၀တ်တို့ကို၀တ်ဆင်လျက် မူလသိမ်မွေ့နူးညံ့မှုတို့ကို ခွာချထားခဲ့သည်။အမှန်စင်စစ် သူမတစ်ယောက်တည်းသာမဟုတ် ကြမ်းပြင်ပေါ်ရှိ စစ်သည်တော်တို့၏ ထက်၀က်သည် အမျိုးသမီး နတ်စစ်သည်များပေ။

ထို အခြွေအရံလေးက သလွန်နားသို့ကပ်သွားရင်း မဟေသီဘုရား၏ နားတော် အနားကပ်ကာ အချက်အလက်အချို့ကိုလျှောက်တင်လိုက်၏။ မဟေသီဘုရားက မျက်နှာထားသိသိသာသာ မပျက်ယွင်းသော်လည်း လက်သီးဆုပ်တို့က ပိုမိုတင်းကြပ်အောင်ဆုပ်လျက် နဂိုထက်မာကျောသွားပုံတော့ ခန့်မှန်းနိုင်သေးသည်။

မဟေသီဘုရားကစကားစပြီးတာနဲ့ တည်ကြည်တဲ့မျက်နှာထားနဲ့ ခန်းမတစ်ခုလုံးကိုဝေ့ကာ ကြည့်လိုက်သည်။

"ငါတို့ရဲ့ မီးနတ်ဘုရားသခင်က တိုက်ပွဲမှာ အလစ်အငိုက်တိုက်ခိုက်ခံရပြီးတဲ့ နောက်ပျောက်ဆုံးနေတယ် "

မီးနတ်ဘုရား၊လနတ်ဘုရား၊ကြယ်နတ်ဘုရားတို့ဦးဆောင်ပြီး တိုက်ခိုက်နေတဲ့ အသူရာတို့နဲ့စစ်ပွဲဟာမပြီးပြတ်နိုင်ပဲ ကာလကြာရှည်နေခိုက် ကျန်တဲ့နတ်ဘုရားတွေဟာ ဘာမျှမဖြစ်ပါဘဲ မီးနတ်ဘုရားတစ်ပါးတည်းသာ တိုက်ခိုက်ခံရပြီးတဲ့နောက် ပျောက်ဆုံးသွားခြင်းဖြစ်၏။ဤအချက်မှာထူးဆန်းနေပြီး ကောင်းကင်ဘုံတွင်ကျန်ရှိနေသည့် နေနတ်ဘုရားနှင့်မဟာမိတ်များက ထိုအချက်ကိုအသုံးချကာ မီးနတ်ဘုရားဗိမ္မာန်တော်ကို အပြုတ်ဖြုတ်လိုကြသည်ပင်။ယုတ်စွအဆုံး ခမည်းတော်ဖြစ်သူနှင့် မိထွေးတော် တော်စပ်သူမိဖုရားမယ်မယ်တို့ကလက်ရှောင်နေကြသည်အထိ ဤနတ်ဘုရားငယ်၏ ကံမှာလည်း တက်နေပုံရသည်ဟု ရူရူတွေးမိသည်အထိ ဖြစ်ခဲ့ရသည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Nơi câu chuyện tồn tại. Hãy khám phá bây giờ