EPISODE 47

1.8K 189 1
                                    

Unicode

ယနေ့မနက်မှာတော့ တတိယမင်းသားငယ် ရူစန္ဒာအဏီရာတစ်ယောက် ခင်ပွန်းသည်ရှိရာ ကောင်းကင်ဘုံသို့ပြန်လည်ကြွမြန်းတော့မှာဖြစ်သည်။"အဏီရာ နန်းတော်မှ မထွက်ခွာမီ ဒုတိယအကိုတော်ဖြစ်သူအား ဘွဲ့တံဆိပ်တော်ပေးအပ်ခဲ့မည်၊ လက်ဆတ်ရန်ကိစ္စအားလည်း စီစဉ်ပေးခဲ့ချင်ပါသည် " ဟူသည့် မင်းသားငယ်၏ ဆန္ဒတို့သည်လည်း ပြည့်၀ပြီဖြစ်ရာ အနှီမင်းသားငယ်တစ်ယောက် တော်၀င်မိသားစုအား စိတ်ချလက်ချ ထားခဲ့နိုင်လောက်မည်ဖြစ်သည်။

"ခမည်းတော်နဲ့ ဖေဖေ့ကို သားတော်ကန်တော့ခဲ့ပါတယ်"

ရူရူကလက်အုပ်လေးချီလျက် ကန်တော့လိုက်သည်။

"ကောင်းပါပြီ၊ ကျမ်းမာပျော်ရွှင်ပါစေသားတော်၊ အမြဲတစေ သားတော်ရဲ့ လက်တွဲဖော်နဲ့ ကြည်ဖြူစွာပေါင်းဖက်နိုင်ပြီး နားလည်မှု အပြည့်ပေးနိုင်ပါစေကွယ် "

ဟန်ဟန်ကဆုပေးလိုက်ရာ ဘေးက ဧကရာဇ်အရှင်ကခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံသည်။

"ခမည်းတော်လည်း မင်းဖေဖေပြောသလိုပဲ ဆုတောင်းပေးပါတယ်ကွာ "

"အရှင်နော် "

ဟန်ဟန်ကခင်ပွန်းဖြစ်သူရဲ့ခါးလေးကိုတို့လိုက်ရင်း မျက်စောင်းလေးပါခဲလိုက်၏။

"ဟွန့် ခမည်းတော်တို့များ အကဲကိုပိုတယ်၊ ဒီမှာ သားတော်တစ်ယောက်လုံးကိုခွဲခွာရမှာကို သိပ်၀မ်းနည်းမနေသလိုပဲ "

ရူရူကနှုတ်ခမ်းလေးထော်ရင်းပြောလိုက်ကာ  သူ့အကိုတွေဘက်ကိုလှည့်လိုက်သည်။

"အကိုတော်တို့ကိုရူရူကနှုတ်ဆက်ပါတယ်"

"ကောင်းကောင်းသွားပါ ညီတော်လေး၊ အစစအရာရာ ဂရုစိုက်၊ အုပ်ချုပ်သူအရှင်က ဂရုစိုက်မယ်ဆိုတာတော့ ယုံပါတယ် "

ဒုတိယအကိုတော်က သူ့လက်ကလေးကိုဆုပ်ကိုင်ရင်းမျက်ရည်လေးတွေဝေ့ဝဲလာတော့သည်။

"ရော့ "

မျက်နှာထားခပ်တည်တည်နဲ့ ဒုတိယအကိုတော်ရဲ့ဘေးမှာရပ်နေတဲ့ ပထမအကိုတော်က ရူရူ့ကို အထုပ်လေးတစ်ထုပ်ကမ်းပေးလာသည်။

ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now