FINAL
UNICODE" ဒုန်း "
ကျယ်ပြန့်သည့် သဲကန္တာရအတွင်း ပေါက်ကွဲကြီးကထွက်ပေါ်လာပြီး ကင်မြီးကောက်သားရဲကနှစ်ပိုင်းပြတ်ကာ သေဆုံးသွားခဲ့သည်။ထိုသားရဲက လွန်စွာ အန္တာရယ်များပြီး အဆင့်မြင့် နတ်ဘုရားများကိုပင်ယှဉ်ပြိုင်နိုင်သည့် အခြေအနေတွင်ရှိပေသည်။
"ခစ်...ခစ်...ခစ်... ဗီယာ နင့်ရဲ့ စွမ်းရည်တွေကတိုးတက်လာပေမယ့် ဒီသားရဲကို အဆုံးသတ်ပေးဖို့အချိန်ယူရတုန်းပဲနော် "
လှပကာ ကျော့ရှင်းသည့် ဆယ်ကျော်သက်ကောင်မလေးတစ်ဦးက ကောင်းကင်ပေါ်မှ သက်ဆင်းလာခဲ့ပြီး တစ်ဖစ်ဖစ်ရယ်ကာ သေဆုံးနေသည့်သားရဲကို လက်ညှိုးထိုးရင်းပြောလိုက်သည်။
"ဟွန့်... ငါက အချိန်ယူရတယ်ဆိုပေမယ့် နင်ကရော ဘာထူးလဲ၊ နင်လဲ အချိန်ယူရတာလဲမလား "
ရုတ်တရက် လေထုအတွင်းမှ ပုံရိပ်တစ်ခုကတစ်ဖြည်းဖြည်းပုံပေါ်လာခဲ့ပြီးလဲကျနေသည့် သားရဲကြီးဆီသို့လမ်းလျှောက်သွားလိုက်သည်။
"အဲ့ဒါက ငါကနင့်လို အချိန်တိုင်းသတ်ပုတ်နေတာမဟုတ်လို့လေ "
"ဟွန့် "
ဗီယာက နှာမှုတ်လိုက်ရင်း ကင်းမြီးကောက်၏ဦးခေါင်းနေရာမှ အမြုတေကိုထုတ်ယူလိုက်သည်။
"အဆင့်တစ်ဆယ်အမြုတေပဲ၊ ကျေနပ်စရာကောင်းလိုက်တာ အဟွန်း "
"နင်သိပြီးပြီလား မီယာနဲ့ ဟီယာက ဘိုးဘိုးတို့ဆီအလည်သွားမှာတဲ့၊ ဖေဖေက ငါတို့ကိုကျသွားခွင့်မပြုဘဲ သူတို့ကိုကျဘာလို့ခွင့်ပြုရတာလဲ "
"သူတို့က နင့်လိုစကားမများဘဲ ထက်မြတ်လို့နေမှာပေါ့ "
"ဗီယာ ! "
"နောက်တာပါနောက်တာ "
ဗီယာက ရယ်မောလိုက်ရင်း အမြုတေကိုသိမ်းဆည်းကာ တစ်ဖက်ကကောင်မလေးကို မေးငေါ့ပြလိုက်သည်။
"မီယာနဲ့ဟီယာက ငါတို့လို တိုက်ခိုက်ရေးဘက်မှာ စိတ်မပါပေမယ့် သူတို့ရဲ့ ဦးနှောက်က အကြံအစည်အမြဲထွက်ပြီး ကောက်ကျစ်တဲ့ နည်းလမ်းတွေလည်း ပေါတယ်၊ ငါကြားရသလောက်တော့ ပထမဦးရီးတော်ရဲ့ မိဖုရားနဲ့ ဒုတိယ ဦးရီးတော်၊ တတိယဦးရီးတော်တို့က အဆင်မပြေကြဘူးတဲ့၊ ကြည့်ရတာ ဖေဖေက မီယာနဲ့ ဟီယာကို စစ်ကူလွှတ်လိုက်တဲါသဘောပဲ "
YOU ARE READING
ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]
FantasyWhat's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024