ဤမျှသာ(essay)

953 81 3
                                    

ပြန်လာဖြစ်တုန်းလေး တွေ့ကြရအောင်ဆိုတော့လည်း လေးကန်နေတဲ့စိတ်ကို သယ်ရင် သူ့ဆီသွားတွေ့ဖြစ်တယ်။ မပျော်ဘူးလားလို့ မေးရင် ဟင့်အင်းလို့
‌ဖြေရမှာပဲ။ ပျော်လားဆိုတော့လည်း ခေါင်းခါရလိမ့်မယ်။ဒါဟာ
အမျိုးအမည် ဖွဲ့ဆိုလို့ မရနိုင်တဲ့ ခံစားချက်ပဲ လေးလေးပင်ပင်နဲ့။

တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားပေးဆိုတော့....
မြို့ပြနဲ့ ခပ်ဝေးဝေးလယ်ကွင်းတွေဘက်ဆီ သယ်ဆောင်သွားဖြစ်တယ်။ ဆောင်းငွေ့အစအနတွေကို ထိုးခွဲလိုက်တဲ့အခါ ခါးဘက်ဆီက တင်းကြပ်လာတဲ့ အထိအတွေ့ကိုရတယ်။ မတွေ့ရတာ လအတန်ကြာခဲ့ပြီဆိုပေမယ့် ဒါဟာ ရာသီအေးလို့ သူမ့ခန္ဓာကတုံ့ပြန့်ချက်မဟုတ်ကြောင်း ကိုယ်နားလည်တယ်။

ပြာရီနေတဲ့ကောင်းကင်အောက်က ရွှေဝါရောင်စပါးခင်းတွေက တောက်တောက်ပပ။ လေတချက်သွေ့လိုက်တိုင်းမှာပဲ ရွှေရောင်လှိုင်းလုံးလွှာတွေဟာ ဒီစပါးခင်းထဲမှာ အလုံးလိုက် အလိမ့်လိုက်။ ကန်သင်းရိုးတွေကြား
လမ်းလျှောက်ကြရင်း သူမရဲ့ပုံရိပ်တွေကို ကိုယ့်မျက်စိကနေ တစ်ဆင့်
နှလုံးသားထဲကနေ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ပစ်လိုက်တယ်။ စပါးကိုင်းထိပ်တွေကို လက်ဖျားနဲ့ တို့ထိလိုက်တာ တစ်ပုံ၊ လွင့်ပါးနေတဲ့ ဆံသားတွေကို ထိပ်ညှိလိုက်ပုံက တစ်ပုံ၊ ဖျတ်ခနဲ လှည့်လိုက်ချိန် နေဆည်းဆာက သူမ့ပါးပြင်ကို နမ်းရှိုက်သွားတာက တစ်ပုံ....

အေးတယ် ဝတ်ထားဆိုတော့ မချိပြုံးလေးနဲ့ သူမက ဆွယ်တာအနီလေးကို လှမ်းကြည့်တယ် ပြီးတော့ ဝတ်ပေးလေတဲ့။ ကြောင်အသွားတယ် အိပ်မက်လား တကယ်လား ကိုယ့်ပါးကိုယ်ရိုက်ကြည့်ချင်မိတယ်။ ဒါပေမယ့် ညို့မှိုင်းနေတဲ့ အကြည့်တွေကပဲ ဒါဟာ စိတ်ကူးမဟုတ်ကြောင်း ထပ်ဆင့်သက်သေခံကြတယ်။ သူမက တစ်လှမ်းချင်းတိုးလာတော့ ယောင်ပြီးနောက်ဆုတ်မိတော့မလို့။ ဒါဟာ အတော်လေး ထူးခြားနေတဲ့ အခြေအနေပဲဆိုတာ ကိုယ်သိတယ်။ ဘာလဲ ခေါင်းထဲမှာ မေးခွန်းလေးတွေက ပလုံစီနေခဲ့တယ်။

အနီရောင် သိုးမွှေးလေးဟာ နတ်ဘုရားမတစ်ပါးရဲ့ အဆောင်အယောင်အနေနဲ့ တင့်တယ်သွားတယ်။ လေညှင်းနွဲ့တွေကြောင့် သူမရဲ့ နားဖူးစပ်နားက ဆံနွယ်သေးသေးလေးတွေတောင် ယိမ်းခါလို့...။ သူ့အသက်ငွေ့ဟာ ကိုယ့်ပါးပြင်နားတွေမှာ ပွတ်ရှထိတွေ့နေတုန်းမှာပဲ လယ်ကန်သင်းမှာ သူမဟာ ရုတ်တရက်ထိုင်ချပစ်တယ်။ ကိုယ့်စိတ်အနားသတ်ကသာ တဆတ်ဆတ်တုန်လှုပ်နေဆဲ။
ဘေးနားက နေကာကို ပုတ်ပြတော့ အိပ်မက်မက်နေတဲ့လူတစ်ယောက်လို
ယောင်နနနဲ့ ဝင်ထိုင်ဖြစ်ခဲ့တယ်။

ဤမျှသာ (Essay)Where stories live. Discover now