လောက မှာအရေးကြီးဆုံးက စည်းစိမ်ချမ်းသာ နှင့် အာဏာတဲ့လား။ ငါ့ အတွက်တော့အဲ့လိုမဟုတ်ဘူး... ဝလင်တဲ့ထမင်းသုံးနပ်၊အေးချမ်းသာစွာအိပ်စက်ရမှု၊ ညရဲ့ရှုခင်းနဲ့ တေးသီချင်းတစ်ပုဒ် လုံလောက်ပြီ ဒါတွေရှိရင်လုံလောက်ပြီ ။ ဒီလိုရိုးရှင်းမှုလေးကို ရဖို့တောင်ခက်ခဲလှချည်လား။ ယှင်ပြိုင်မှုကိုမလိုလားတဲ့ ငါ့အတွက်ဒီနန်းတော်ကြီးက...လွတ်မြောက်ဖို့မလွယ်တဲ့ မြေအောက်အကျဥ်းခန်းလိုပဲ။ ပေါများလှတဲ့ဣထိယတွေကြား မှာ ဣထိယတို့ရဲ့ မာယာနဲ့ကအရေးပါသတဲ့လား။ တတ်မြောက်အကျွမ်းကျင်ဆုံးက ဣထိယတို့ရဲ့စွဲဆောင်မှုမာယာဖြစ်သလို မသုံးချင်ဆုံးကလည်း အဲ့ဒါပါပဲ။ ဒါပေမယ့် လွတ်မြောက်မှုအတွက်......။