"ယောင်း... မင်းကပါအလိုမလိုက်စမ်းနဲ့ ငါအားနာရအောင်လို့..."

"မင်းကလဲကွာ ကလေးကအကြာကြီးနေမှအပြင်ထွက်ရတာကို...နေဦး မင်းအတွက်ပါကော်ဖီယူခဲ့ပေးမယ်..."

"ဟင်း....ပြောမရလဲသဘောပဲဟေ့..."

Taehyungက လေးထောင့်ဆန်ဆန်နှုတ်ခမ်းလေးနဲ့ပြုံးပြရင်း  Jungmin၏ပါးကိုခပ်ဖွဖွလေးဆွဲကာ ထထွက်သွားသည်။ဘေးကိုကြည့်လိုက်တော့ သွားတန်းဖြူဖြူသေးသေးလေးပေါ်အောင်ရီပြနေသောJungminလေး....ဒီသားအဖတွေနဲ့တော့ခက်လှချည်ရဲ့....

ခဏအကြာ မုန့်ဗန်းလေးကိုင်ကာစားပွဲဝိုင်းဆီလျှောက်လာနေသောTaehyungကိုကြည့်ရင်း ဘာကိုမှန်းမသိကျေးဇူးတင်စကားဆိုနေမိသေးသည်။

.................

Flashback.....
လွန်ခဲ့သော၄နှစ်ခန့်က.......

ဆေးရုံကော်ရစ်တာတစ်လျှောက်ပြေးလာရင်း ကျလာသောမျက်ရည်တို့ကိုလက်ခုံဖြင့်ဖိသုတ်ကာ ငိုယိုနေခဲ့သောကောင်လေးနှင့် အနောက်ပါးဆီမှ ​ စိတ်လျှော့ပြီး ဖြေးဖြေး​သွားရန် တတွတ်တွတ်လှမ်းပြောနေသောကောင်လေးတစ်ယောက်......

   ကောင်တာနေရာတွင်မေးခဲ့သည့်အတိုင်းရှာနေရင်း အခန်းရှေ့ရောက်တော့ တံခါးကိုဆွဲဖွင့်မည်အလုပ်တွင် အနောက်မှတစ်စုံတစ်ယောက်၏လှမ်းဆွဲလိုက်ခြင်းနှင့်အတူ ထိုသူ၏ရင်ခွင်ထဲရောက်သွားခဲ့သည်။

"စိတ်အေးအေးထားJimin...စိတ်ကိုလျှော့ထားနော်....အရမ်းမကြောက်နဲ့ ...."

ရင်ခွင်ထဲတင်းကြပ်စွာဖက်ထားလိုက်ရင်းနောက်ကျောပြင်လေးကိုအသာပုတ်ပေးနေလိုက်တော့ တသိမ့်သိမ့်တုန်ယင်စွာရှိုက်ငိုနေသောလူသား......

"ငါ့မှာommaပဲရှိတာTaehyung.....အခုommaကပါငါ့ကိုထားသွားရင် ငါသေလိမ့်မယ်......"

"ဘာမှမစိုးရိမ်နဲ့ မင်းဘေးမှာငါရှိတယ်နော်....ကယ်...ဒါဆို အထဲဝင်ရအောင်...."

တွန့်ဆုတ်နေသောလူသားငယ်အားTaehyungကိုယ်တိုင်ပခုံးမှဖက်၍ခေါ်ဝင်လာလိုက်သည်။

"လူနာရှင်များလားမသိဘူး......"

"ဟုတ်ကဲ့ကျွန်တော်က သားဖြစ်သူပါ...ommaအခြေနေ....."

Only then(Completed)Where stories live. Discover now