ရှောင်ဝမ်ရယ်ညလုံးပေါက်ငိုကြွေးခဲ့၏။ နောက်တစ်ရက်နေမထွက်ခင် အထုတ်အပိုးပြင်ကာနန်းတော်မှခိုးထွက်၍ယန်အိမ်တော်သို့အပြေးရောက်လာ၏။။

ယန်တာ့ရန်အိမ်တံခါးဖွင့်လိုက်သောအခါ ရှောင်ဝမ်ရယ်မှာတိုးညှင်းစွာငိုရှိုက်နေရင်းပြောလိုက်သည် "ယန်ကော​ကော ကျွန်တော်လည်းလိုက်ခဲ့မယ်"

"မရဘူး" ယန်တာ့ရန်မှာနှစ်ခါမစဥ်းစားပြတ်သားစွာငြင်းလိုက်သည်။

ရှောင်ဝမ်ရယ် အမောတကောပြောလိုက်၏ "ကျွန်တော် 'စစ်မက်ဗျူဟာ' ဖတ်ထားတယ်။ လိုအပ်ရင်အသုံးချလို့ရတယ်လေ။ အစ်ကို့ကိုအနှောင့်အယှက်မဖြစ်စေရပါဘူး"

ရှောင်ဝမ်ရယ်ယန်တာ့ရန်ကိုမော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာအလွန်နီရဲကာသနားစဖွယ်။

ယန်တာ့ရန်မျက်မှောင်ကြုတ်လိုက်သည်။ သူ့တွင် အေးစက်မာကျောသည့်နှလုံးသားရှိသော်လည်း ထိုကလေးအား မောင်းထုတ်ရလောက်အောင်ထိပစ်ပစ်ခါခါမပြုနိုင်။

ရှောင်ဝမ်ရယ်၏ မျက်လုံးနားမှမျက်ရည်များကို လက်ဖျားလေးဖြင့်သုတ်ပေးကာ ထိုကလေးအားရင်ခွင်ထဲဆွဲဖက်လိုက်ပြီးကျောကိုအသာလေးပုတ်၍နှစ်သိမ့်ပေးလိုက်သည်။

"မင်းသားကိုးကို စစ်မြေပြင်ထက် မြို့တော်ကပိုပြီးလိုအပ်ပါတယ်။ နန်းတွင်းတရားရုံးကလည်း အရင်လိုအခြေအနေမဟုတ်တော့ဘူး။ အိမ်ရှေ့စံမင်းသားကို ကူညီလိုက်ပါ"

ရှောင်ဝမ်ရယ်အလုံးစုံနားမလည်သော်လည်းခေါင်းငြိမ့်လိုက်၏။ သူတစ်စုံတရာပြောရန်ဟန်ပြင်လိုက်သော်လည်းမပြောတော့ပေ။

ဒီတာဝန်မှာခက်ခဲကြမ်းတမ်း၏။ အနှီသူမှာလည်းတစ်နှစ်နှစ်နှစ်အတွင်းပြန်မလာနိုင်။ သူသည်လည်းမင်းသားတစ်ပါးဖြစ်သော်ငြားကိုယ်ခံပညာမတတ်ကျွမ်း။ သူလိုက်သွားလျင် ဝန်ထုပ်ဝန်ပိုးသာဖြစ်ပေလိမ့်မည်။

သူဒီကိုမလာခင်ကတည်းက ဤသို့ဖြစ်မည်ကိုမှန်းဆပြီးဖြစ်၏။ ထို့ကြောင့် ယန်တာ့ရန်အားဂျီမကျတော့ပဲ တောင်းဆိုမှုလေးတစ်ခုသာပြုလိုက်၏။

Little Nine | ဘာသာပြန် [Completed]Where stories live. Discover now