" ဟုတ်... ထပြီနော်.. သာကော "
၀မ်ရိပေါ် အသံပြန်ပြုပြီးရေချိုးခန်းထဲ၀င်ခဲ့လိုက်၏။ အားလုံး ပြင်ဆင်ပြီး အခန်းမှထွက်လာသည်နှင့် ကျိလင်ကော၏ စိတ်ရှုပ် သည့်ပုံစံဖြင့် ကားနား၌ခေါက်တုန့် ခေါက်ပြန်လမ်းလျှောက်ကာ ဖုန်းပြော နေသည်ကို တွေ့ရသည်။
" သာကော... ဘာတွေဖြစ်နေတာလဲ။"
၀မ်ရိပေါ် မေးရင်း ကားပေါ်၀င်ထိုရင်းမေးလိုက်သည်။
" ရိပေါ်.. မင်းလုပ်ထားပြီး မင်းကပဲ မေးရသေးတယ်..စောစောစီးစီး ပြော လိုက် ရတဲ့ဖုန်းတွေကွာ"
" အော်.. ကျွန်တော် တင်လိုက်တဲ့ ပိုစ့်ကြောင့်လား ?"
၀မ်ရိပေါ် မထူးဆန်းသလိုပြန်မေးလိုက်သည်။
" အေးလေ.. ငါ့လဲ ပြောပြထားမှပေါ့။ တခုခုလုပ်ချင်ရင် ပြောပါကွာ မင်းကိုယ်တိုင်မလုပ်ပါနဲ့ ။ပွဲဆူလွန်းလို့၊ ကဲ.. ခုပြော ဘာဆက်လုပ် မယ်ဆိုတာ "
" တစ်ရေးနိုးစိတ်ကူးရသွားလို့ပါ။ သာကောကိုလဲ မနှိုးချင်တာနဲ့ "
တစ်ခါတလေ ရူတင်အပြန်နောက်ကျသည့်အခါ ကျိလင်ကော အိမ်မပြန်ဖြစ်လျှင်၀မ်ရိပေါ်အိမ်၌သာ အိပ်တက်ခြင်းဖြစ်သည်။ အိမ်မက် အကြောင်းနှင့်အတူ သူတင်လိုက်သည့်ပိုစ့်၏ ရည်ရွယ်ချက်ကိုသာကော ကိုပြောပြဖြစ်၏။
" အင်း.. ဒီနည်းလမ်းနဲ့အမြန်ဆုံးရှာတွေ့ပါစေကွာ။ မင်းကိုလည်း သူများ နည်းတူပျော်ရွင်စေချင်တယ်။ဒါပေမယ့် တစ်ခုသိထားရမှာက မင်းတို့နှစ် ယောက်အတွက် အခက်အခဲတွေ၊ နာကျင်စရာတွေ၊ ဆုံးရှုံးမှုတွေ ကြုံရလိမ့်မယ်။ ဒါတွေကို ရင်ဆိုင်နိုင်ဖို့ မင်းပြင်ဆင်ထားရလိမ့်မယ်။"
" ဟုတ်ကဲ့ .နားလည်ပါတယ်။ ကော ကျွန်တော်လုပ်နိုင်သမျှ အကောင်း ဆုံးဖြစ်အောင်ကြိုးစားမှာပါ "
၀မ်ရိပေါ် သူ့လိုအနုပညာသမားတစ်ယောက်အဖို့ အချစ်ရေး ကိစ္စတွေရှိလာလျှင် အနည်းအများ ဆုံးရှုံးမှုရှိတတ်သည့်သဘောကို နားလည်သည်။ထို့အပြင် သူ၏အချစ်ရေးသည် လူတိုင်းလက်ခံဖို့ ခဲယဥ်း သည်မှာကျိန်းသေဖြစ်၏။
YOU ARE READING
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...
အပိုင်း (၅) Unicode + Zawgyi
Start from the beginning