" ဝါး !  နှင်းတွေက တကယ့်ကို အများကြီးကျနေတာပဲ "


  တစ်နေလုံးကျောင်းမှာပင်ပန်းရတဲ့ Haein က တစ်ခါတစ်လေ ကားပေါ်မှာ တစ်လမ်းလုံးအိပ်ပျော်နေကျ ။ အဲ့ဒီလိုအခါမျိုးဆို အိမ်ပြန်ရောက်မှပဲ ကိုယ်က ကရုတစိုက်နှိုးပေးရတာမျိုး ။ ဒီနေ့တော့ နှင်းတွေမြင်ပြီး ပြန်မအိပ်တော့တဲ့ ဒီကလေးက အဲ့ဒီနှင်းတွေကို အတော်ပင်သဘောကျသည့်ပုံ ။

   " သဘောကျလား "


   " အင်း .  .  ပထမဆုံးနှင်းတွေကျတုန်းကတောင် မမကို သတိရနေတာ အတူတူကြည့်ဖို့ မမအခန်းကိုလာခဲ့ပေမယ့်လည်းရှိမနေဘူး .  . အဲ့နေ့က ဘယ်ရောက်နေတာလဲဟင် "

  ထိတ်ခနဲ့ ဖြစ်သွားတဲ့ နှလုံးခုန်နှုန်းနဲ့ ကိုယ့်လည်တိုင်မှာ စကားလုံးတွေက တစ်စို့လို့ ။

  အဲ့ဒီနေ့က ! .  . ။

  မဟုတ်တာလုပ်ထားတဲ့သူလိုမျိုး  အဲ့ဒီအပြုံးတွေကို ရဲရဲဝံ့ဝံ့စိုက်ကြည့်ဖို့တောင် ရုတ်တစ်ရက် ခတ်ခဲလာရတယ် ။ တစ်ချိန်မှာ သေချာပေါက်သိရမယ့် ကိစ္စဆိုရင်တောင် ဒီအခြေအနေမှာ ဖွင့်ဟဖိုတော့ သတ္တိမရှိသေးဘူးပေါ့ ။


   " ဒီတိုင်း .  . သူ ငယ် ချင်း နဲ့ "


  အဆုံးသတ် အသံတွေဟာ တိမ်ဝင်လို့ ။
  ဘာမဆို တိကျပြတ်သားတဲ့ Park Chaeyoung က ဒီလိုမျိုးလည်း ဝေဝါးတက်သေးတာလား ။

   " ကံကောင်းတဲ့ သူငယ်ချင်းပဲ  Haeinနေရာကိုလုသွားတယ် "

  မြင်ကွင်းရှေ့က မီးနီဟာ အစိမ်းရောင်ကို ပြန်လည်ရောက်ရှိလာတယ် ။ ဘေးမှာရှိနေခဲ့တဲ့ တစ်ခြားကားတွေနဲ့ ထပ်တူ ရွေ့လျားမှုကိုစတင်လို့ တိတ်ဆိတ်နေမိတော့ Haein ကလည်း ဘာမှထပ်မဆိုလာဘူး ။

  Lisa နဲ့တွေ့ဆုံချိန်တိုင်းရဲ့ ပစ္စုပ္ပန်တွေဟာ ပျော်ရွှင်မှုတွေ လွှမ်းခြုံနေတက်ပေမယ့် တစ်ခါတစ်ခါ ရှေ့ဆက်ဖို့အတွက် စိတ်ပူမိတာမျိုးလည်းရှိတယ် ။ သူနဲ့ ကိုယ်ဟာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား ။ သူဟာ မိန်းကလေးတစ်ယောက်လည်းဖြစ်တဲ့အပြင် ဖေဖေ့ရဲ့ ကြည်ဖြူမှုကိုရနိုင်လောက်တဲ့ ပုံစံမျိုးလည်းမဟုတ် ။

Crazy In Luv Where stories live. Discover now