"အင်း Yoon ရှင်းပြမယ် မောင်အားတဲ့တစ်နေ့ Yoon နဲ့သက်သက်တွေ့ရအောင်"

"......."

Jungkook ထွက်လာခဲ့သည်....သူမနဲ့နမ်းမိသွားပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်ကလို ရင်ခုန်ခြင်းမျိုးမရှိတော့...

..............................

Jungkook ညဥ့်နက်အထိသောက်နေမိသည်.. အခုတလော တကယ်မွန်းကျပ်ရသည်...Soyoon နဲ့တွေ့ပြီး သူမထွက်သွားရတာ ဖေဖေ့ကြောင့်တဲ့..အားလုံးရှင်းပြလာခဲ့သည်...နောက်ဆုံးတော့ အားလုံးသူ့ဖေဖေကိုသာ နာကျည်းဖို့ဖြစ်လာခဲ့သည်ပဲ...

ဖေဖေ့ဆီသွားတွေ့ခဲ့သည်....

"ဘာသဘောလည်း ဘာလို့စိတ်တိုင်းကျလုပ်ရတာလည်း..."

"သား..."

"အခုရော ဘာလို့ပြန်ခေါ်လိုက်တာလည်း"

"ဟိုကောင်လေးနဲ့မင်းနဲ့ပတ်သက်သွားမှာမလိုလားလို့ Soyoon နဲ့ယူဖို့လုပ်လိုက် သဘောတူတယ်"

"ကျွန်တော့်အချစ်ရေးတွေအထိဝင်မပါပါနဲ့...ကျွန်တော်ထပ်မမုန်းချင်ဘူးမလို့"

Jungkook ပြောပြီးထွက်လာတော့ အနောက်ကဖေဖေ့အသံကြားရသည်.....

"ဒီတစ်ခေါက်မွေးနေ့လာမယ်မဟုတ်လား"

......................................

Jungkook မူးနေပြီမလို့ ပြန်ရန်ထလိုက်တော့ လူကမိုက်ခနဲ Hyg ဆီ ph ဆက်ရသည်...Hyg လာကြိုပြီး အိမ်ထဲထိပို့ပေးကာ

"Tae ရေ ..."

"အော် Eunhan Hyg..."

"အင်း kookie မူးလာတယ် မင်းပဲကြည့်လုပ်လိုက်တော့ Hyg ကိစ္စလေးရှိလို့သွားဦးမယ် အခန်းထဲထိမပို့တော့ဘူး"

"ဟုတ်ကဲ့ Hyg..."

Tae နဲ့ Jungkook မခေါ်တာ တစ်ပတ်ကျော်ခဲ့ပြီဖြစ်သည် ..ဟိုတစ်ခါက ခွက်ကိစ္စနဲ့ ဘာစကားမှထပ်မပြောဖြစ်ခဲ့ပေ...အခုလည်း ဆိုဖာပေါ်လှဲနေတဲ့ Jungkook ကိုမနှိုးချင်တာနဲ့ စောင်ပါးတစ်ထည်ယူကာခြုံပေးလိုက်ရင်းထွက်လာခဲ့သည်...

ကိုယ့်ကိုတွေ့ရင် စိတ်အနှောင့်အယှက်ဖြစ်နေမှာစိုးမိပါသည်...

Jungkook တရေးနိုးတော့ ဧည့်ခန်းကဆိုဖာပေါ်မှာ သူအိပ်ပျော်သွားတာပဲမူးပြီးတော့...စောင်ခြုံပေးထားတာတွေ့တာကြောင့် ကောင်လေး ခြုံပေးထားတာပဲဖြစ်မည်...

💜 Mysterious  💜(Completed)Where stories live. Discover now