နော်ဖောနဲ့မတွေ့ခင် ဖြူ့ရဲ့ အပြုံးအရယ်မဲ့ သီးသန့်ဆန်စွာနေတတ်တဲ့ အများအမြင်မယ်တော့ထူးထူးဆန်းဆန်းဖြစ်နေတဲ့အပြုအမူတွေက သူမရဲ့ဆိုးဝါးလှတဲ့အတိတ်ရဲ့ဒဏ်တွေကြောင့်ဆိုတာ နော်ဖောနားလည်လာရတယ်
သိလိုက်ရတဲ့ဖြူ့အကြောင်းတွေကလည်း ကြီးကြီးကိုယ်တိုင်နော်ဖောကိုပြောပြလာတာတွေပါ
သူ့တူမလေးကိုစိတ်ချမ်းသာအောင်ထားပေးပါဆိုတဲ့တောင်းဆိုမှုနဲ့အတူပေါ့
နော်ဖောလည်းလက်ခံပေးလိုက်ပါတယ်
ကိုယ်တိုင်ကလည်း ဖြူ့ကိုအရင်ကထက်ပိုဂရုစိုက်ချစ်ပေးသွားဖို့ဆုံးဖြတ်ထားပြီးသားပါ

ကြီးကြီးဆီရောက်တာ ငါးရက်လောက်ရှိပြီ ဖြူ့အဖေနဲ့တွေ့ဖို့ကတော့ ဖြူကိုယ်တိုင်ကလည်းမပြောလာသေးတာကြောင့် မသိမသာပဲနော်ဖောနေလိုက်တယ်
ဒီအမျိုးသမီးလေးက ကိုယ်ကသူ့ကိုဂရုစိုက်ချင်ပါတယ်ဆိုတာကို အခွင့်အရေးမရလောက်အောင်ကို ကိုယ့်ကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးနေတော့ နော်ဖောလည်း ဘာလုပ်ရမယ်မှန်းကိုမသိ
ပြောရအောင်ကလည်း ကိုယ်ချစ်တဲ့သူကကိုယ့်ကိုဒီလောက်ဂရုစိုက်ပေးနေတာမလား ဘာသွားပြောနိုင်မှာလဲ
တခါတရံမှာ အချစ်ကြောင့် အကြောင်းအရာတွေအများကြီးဖြစ်ပေါ်လာတာပဲလို့ နော်ဖောလည်းတွေးနေမိတော့တယ်

အခုလည်း နော်ဖောအတွက်ဆိုပြီး ကိုယ်တိုင်ချက်ထားလိုက်တဲ့ ဟင်းတွေကအများကြီးလေ
ဖြူကို့ရန်ကုန်ခေါ်သွားပြီးနောက်သူ့အခြေအနေကိုဖြူကသိသွားခဲ့တော့ သူမဆီရောက်ပြီးကတည်းက ဒီလိုပိုပိုသာသာတွေ လုပ်ပေးလာခဲ့တော့ နော်ဖောလည်း ကြီးကြီးကိုမျက်နာပူပူနဲ့ပဲနေနေရတာများပြီ
ဖြူ့ကိုမပြောချင်ပေမယ့် နားလည်နိုင်အောင်တော့ပြောမှဖြစ်တော့မှာမလို့ စားသောက်ပြီးတော့ ခြံထဲလမ်းလျောက်မယ်ဆိုပြီးခေါ်လာလိုက်တယ်
ကြီးကြီးရှေ့တော့မပြောချင်ပါဘူး

"ဖြူ ဘာလို့အဲ့လိုတွေလုပ်နေရတာလဲ"

"Hmm!ဘာလဲ အနော်ဘာပြောတာလဲ ဖြူမသိ"

"အနော့်ကို အရမ်းကြီးဦးစားပေးသလိုလို ပြီးတော့ အကုန်လိုက်ကြည့်ပြီးလုပ်ပေးနေတာကြီးလေ"

Love Is LoveWhere stories live. Discover now