သခင်ပုန်းနေတာကို မြင်ပေမဲ့ တခါတလေကျ ကျွန်တော်က မမြင်ချင်ယောင်ဆောင်ပြီး တခြားနေရာတွေ သွားရှာပြီးမှ သခင်ရှိရာဆီ ရုတ်တရက်ပြန်လာပြီး ရှာတွေ့သွားတဲ့ပုံမျိုးလုပ်ပြရင် သခင်က သိပ်သဘောကျတာ။ ထိုအခါမျိုးမှာ သခင်က ကျွန်တော့်ကို ပြေးပွေ့ပြီး လှိုက်လှိုက်လှဲလှဲ ရယ်တတ်ပြန်တယ်။
သခင်ရယ်လိုက်ရင် တအားချစ်စရာကောင်းတာပါပဲ။
ဒါ့ကြောင့်လဲ သခင်အမြဲ ရယ်မောပျော်ရွှင်နေအောင် ကျွန်တော် တတ်နိုင်သမျှ လုပ်ပေးချင်တာပါ ။နောက်ပြီး သခင်က ကျွန်တော့်ကို အားရပါးရ ဖက်ပြီး ညှစ်ထားတဲ့အခါမျိုးဆိုရင်တော့ အသက်ရှုကျပ်ရပေမဲ့လဲ အဲ့လို အဖက်ခံရတာကိုပဲ ကျွန်တော်ကကြိုက်နှစ်သက်နေမိတာ။
သေချာတာကတော့ ကျွန်တော် နှစ်သက်တဲ့ အရာတွေထဲမှာ သခင့်ရဲ့ ပွေ့ဖက်ထားခြင်းခံရတာလဲ
ပါပါတယ်။ထို့အတူ သခင့်ရဲ့ မျက်နှာတဝိုက် လျှာလေးနဲ့ လျက်ပေးရတာလဲ ကျွန်တော့အကြိုက်ဆုံးတွေထဲက တစ်ခုပါပဲ ။
ခပ်စူစူလေးလုပ်ပေးထားတဲ့ သခင့်နှုတ်ခမ်းလေးက နူးနူးညံ့ညံ့အိအိလေးမို့ ထိတွေ့လို့ အရမ်းကောင်းတာကြောင့်ပါ။
ဘာပဲဖြစ်ဖြစ် ကင်ထယ်ယောင်း ဆိုတဲ့ ကျွန်တော့်သခင် ဖြစ်နေတာနဲ့တင် သူ့ရဲ့အရာအားလုံးကို ကျွန်တော် မြတ်နိုးပါတယ်။
***
သခင်ကျောင်းသွားနေတဲ့အချိန်တွေဆို ကျွန်တော်ကတော့ များသောအားဖြင့် အိပ်နေလိုက်တာပါပဲ။
တခါတရံဆို ဟောက်သံသေးသေးလေးတောင် ထွက်လိုက်သေးတယ်။
တခါကလဲ အိပ်ရင်းဟောက်နေတာကို သခင်မကတွေ့သွားပြီး သဘောတကျနဲ့ ကျွန်တော့်ပုံကို Video ဆိုလားရိုက်ကာ သခင့်ကို ပြလို့ "တန်နီးလေး တော်တော် အိပ်ရေးပျက်နေတယ်ပေါ့လေ ကိုယ့်ကလေးက" ဆိုပြီး သခင်က ရယ်လျက်ပြောခဲ့ပါသေးတယ်။
ဟောက်တာက သခင့်ကို အဲ့လို ရယ်မောစေမယ်ဆိုရင် ကျွန်တော် အိပ်တိုင်း အမြဲဟောက်ပေးနေတော့မှာပါ။
YOU ARE READING
Tannie In Love [ Completed ]
3. His Love
Start from the beginning