အပိုင်း ၁၆

Start from the beginning
                                    

       " အာ ...မေ့သွားတယ် ကားသော့က ကလေးဆီမှာ ပေးထားခဲ့တာ ..!! "

        ကားသော့မပါလာမှန်း သိလိုက်ပြီဆိုမှ ဖုန်းထုတ်ပြီး Hyuckie ဆီ ဆက်ဖို့ ပြင်လိုက်သည် ။

       " ခဏနော် ..ကားသော့က ..ကလေးဆီမှာမို့ ..!! "

       " အင်းးး ဟင်းး ချမ်းတယ် ..!! "

       ဖုန်းခေါ်လုဆဲဆဲ လက်တွေက သူ့ပေါ်မှီကျလာသည့် Haeun ကိုယ်ကို အမြန် ဖမ်းထိန်းလိုက်ရသည် ။

       " Haeun. .!!! Haeun ..!! သတိထားအုံးလေ "

       အဖျားအရှိန်ကြောင့် သူ့ရင်ခွင်ဆီ တိုးဝင်ကပ်တွယ်နေသည့် Haeun ကိုယ်ကို သူကလည်း ယောင်ယမ်းကာ ပြန် ဖက်တွယ်ပေးလိုက်မိ၏ ။

        ** ဒေါက် ..**

        ရုတ်တရက် နောက်က ပေါ်ထွက်လာသည့် အသံကြောင့် Paparazzi တွေများလား ဟု လန့်ဖြန့်ကာ လှည့်ကြည့်လိုက်သည် ။ ဒီနေရာမှာ Paparazzi တွေ ဖြစ်လိုက်တာကမှ သူ့အတွက် ပိုကောင်းနိုင်အုံးမည် ။

       " အာလူးလေး ...!! "

       သူခေါ်နေတာကို ထိုကလေး လှည့်မကြည့်ခဲ့ပါ ။

      " ကလေးး ..!! ခဏနေပါအုံး ..!! "

       သူ့မှာ ထိုကလေးနောက် ပြေးလိုက်သွားချင်ခဲ့ပေမယ့် အဖျားကြီးနေတဲ့ Haeun ကို ဒီတိုင်းထားခဲ့လို့ကလည်း မဖြစ်ချေ ။

      တော်ပါသေးတယ် Hyuckie ထွက်ပေါက်ဆီ ရောက်တုန်း Haeun ရဲ့ မန်နေဂျာမမ အပြေးအလွှား ရောက်လာခဲ့သည် ။

         " မင်းသမီး ..!!! မင်းသမီးး !! "

         " အာ ..အတော်ပဲ ခင်ဗျားက သူ့မန်နေဂျာ မလား ..!? ရော့ ...ကျွန်တော် အရေးကြီးနေလို့ ..!! "

        Haeun ကိုယ်လေးကို မန်နေဂျာမမရဲ့ လက်ထဲ ‌လွှဲပြောင်း ထည့်ပေးလိုက်ကာ Hyuckie ပြုတ်ကျခဲ့သည့် သော့လေးကို ဆွဲယူကောက်ပြီး ထိုကလေးနောက် ပြေးလိုက်ရတော့သည် ။

        " ကလေးး ..!! အာလူးလေးး ခဏနေပါအုံး !! "

       ထွက်ပေါက် အပြင်ဆီ ရောက်သွားပြီး အလျှင်အမြန် Taxi တစ်စီးပေါ် တက်သွားသည်နှင့် သူ လိုက်လို့ မမှီလိုက်ပေ ။
 
       တစ်ခါတစ်လေတော့ ရုပ်ရှင်ထဲက ဇာတ်ကွက်တွေကလည်း အပြင်လောကမှာ ဖြစ်တက်တာပဲလား ။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now