"မင်းလက်တွေအေးနေတာလား?"

ဖမ်းဖေ ဟိုင်ရှို့အဖြေကို မစောင်တော့ပဲ ဟိုင်ရှို့လက်နှစ်ဖက်ကို ဆွဲယူလိုက်ကာ ပွတ်ပေး၏။ထို့နောက် သူသွေးခုန်နှုန်းစမ်းကြည့်သည့်အခါ နှလုံးခုန်နှုန်းမှာ ပုံမှန်ဖြစ်သည်။

ဖမ်းဖေ အရမ်းကျေနပ်သွားသည်။စောနက ဟိုင်ရှို့ လူပေါင်းများစွာနှင့်ထိတွေ့ဆက်ဆံခဲ့သော်လည်း ကြောက်ရွံ့မှုကြောင့်ဖြစ်ပေါ်သည့် လက္ခဏာအနည်းငယ်ပင်မရှိပဲ သက်သောင့်သက်သာရှိနေဆဲပင်ဖြစ်သည်။ဖမ်းဖေ သူ့ကိုကာကွယ်ထားကာ လူတွေနှင့်တိုက်ရိုက်ဆက်ဆံခွင့်မပြုခဲ့သော်လည်း ထိုအရာသည် တိုးတက်မှုပင်ဖြစ်သည်။အနည်းဆုံးတော့ ယခု ဟိုင်ရှို့သည် "လူတွေနှင့်ပေါင်းသင်းဆက်ဆံခြင်း"ဟူသည့် အကြောင်းအရာကို ငြင်းဆန်မနေတော့ပေ။

အနှီကိစ္စသည် မြန်မြန်တိုးတက်နိုင်သည့်ကိစ္စမဟုတ်ပဲ ဖြည်းဖြည်းချင်း နည်းလမ်းတကျပြောင်းလဲယူရမည့် ကိစ္စဖြစ်သည်။ယခုဖြစ်ရပ်ကိုကြည့်လျှင် သူ၏တိုးတက်မှုမှာ ကောင်းသည်ဟုဆိုရမည်။

ဖမ်းဖေ စိတ်ရွှင်နေသည်။

ဖမ်းဖေ သူ့လက်ကို မြှောက်ကာ ဟိုင်ရှို့၏နီနေသော နားရွက်ကို ဆိတ်လိုက်ရင်း ပြုံးပြီးပြော၏။

"ဒီနေ့ မင်းဆောင်ရွက်ချက်က အရမ်းတော်လို့ ဆုတစ်ခုပေးမယ်"

ဟိုင်ရှို့ ထိုသို့ကြားသည့်အခါ နည်းနည်းအာရုံထွေပြားသွားသည်။

"ဘာ ... ဘာဆောင်ရွက်ချက်လဲ?"

"အကုန်လုံးပဲ"

ဖမ်းဖေ ရယ်မောကာ

"ပြော ဘယ်လိုဆုမျိုးလိုချင်လဲ? ငါ အဆင့်တက်လာတုန်းကလည်း မင်းတစ်ခုခုပေးခဲ့တယ်မလား? မေးခွန်းပေါင်းချုပ်စာအုပ်တွေဆိုပေမဲ့လို့ပေါ့ ....."

ဟိုင်ရှို့ သူ့နှုတ်ခမ်းများကို လှုပ်ရှားကာ တစ်ခုခုကိုပြောချင်သောလည်း တုံ့ဆိုင်းနေသည်။

ဖမ်းဖေ မျက်ခုံးပင့်ကာ

"ဘာလဲ? ငါ့ကိုပြောလေကွာ"

ဟိုင်ရှို့ ခေါင်းကိုယမ်းကာ သူတိုးတိုးလေးပြောနေစဥ်အတွင်း သူ့မျက်လုံးများကို လွှဲထားသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now