စာသင်ချိန်တလျောက်လုံးဆရာမစိတ်အနှောက်အယှက်ဖြစ်စေမဲ့အရာတွေပြုလုပ်ပေမဲ့ အပြင်ထွက်ကာအပြစ်ပေးတာမျိုးလုပ်တာမခံရ၍Jayအနည်းငယ်တော့ ကသိကအောက်နိုင်သည်...

သူက ကျောင်းကိုထောက်ပံ့နေတဲ့ဥက္ကဌရဲ့သားမို့လို့လား....။
ဘာလို့အပြစ်ပေးမခံရတာလဲ....

" ဆရာမ....ကျွန်တော်လဲ အပြင်မှာ ဒူးထောက်ချင်တယ်.."

ဘောပင်ကိုလှည့်ရင်း အေးဆေးစွာပြောလာတဲ့Jayကိုဆရာမလဲနားမလည်သလို အတန်းသားတွေလဲနားမလည်စွာဝိုင်းဝန်းကြည့်ခြင်းကိုခံလိုက်ရသည်...။

" ဘာဖြစ်လို့လဲ...မင်းစာမလုပ်ချင်ဘူးလား.."

" ဟုတ်တယ်....Sunghoonမရှိပဲစာမလုပ်ချင်လိူ့ပါဆရာမ.."

အဖြေစကားကြောင့် တခန်းလုံးဆီက တီးတိုးစကားတွေကိုလျစ်လျူရှူရင်းဆရာမဆီကိုသာအာရုံတွေပို့လွှတ်လိုက်သည်...။.
ပြောမရတာကို မတတ်သာဟန်နဲ့ဆရာမက ခါးကိုထောက်ရင်းအပြင်ကိုတစ်ချက်လှမ်းကြည့်သည်....။

" အဲ့လောက်တောင် မင်းစာမသင်ချင်လဲ အပြင်ထွက်နေ...ငါ့အချိန်မပီးမချင်းပြန်ဝင်မလာနဲ့ ဒါပေမဲ့ park sunghoonကိုအခန်းထဲပြန်လွှတ်လိုက်...သွား.."

ဒါလဲအဆင်ပြေပါတယ်...။
အတန်းထဲစဝင်လာထဲကမျက်နှာမကောင်းတဲ့ကောင်လေးကြောင့် အနည်းငယ်တော့ပူပန်နေရသည်..တော်ရုံအမူအရာဖော်ပြတတ်တဲ့ထဲမပါပေမဲ့ ဒီနေ့တော့ မျက်နှာကညိုးရုံမဟုတ်ပဲ မျက်နှာကအနည်းငယ်ပင်ဖောင်းနေသေးသည်...သေချာတာကတော့ ဒါဟာတအားငိုထားတဲ့လက္ခဏာပင်....။

ကျောပိုးအိတ်ထဲက ပီကေတစ်ခုကိုထုတ်ကာပါးစပ်ထဲထည့်ရင်း.အခန်းပြင်ဘက်ကိုထွက်လာခဲ့သည်...။
ဒါမှလဲဆရာမစာဆက်သင်ဖို့အာရုံရလောက်မှာ....

" ဟင်...Sunghoon.."

အခန်းပြင်ထွက်ထွက်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက ကြမ်းပြင်ထက်တွင် ခွေခွေလေးလဲကျနေတဲ့Sunghoonသာ...။
ဆွဲထူလိုက်တော့ စက္ကူပါးလေးလိုပျော့ခွေကာပါလာသည်...

နှုတ်ခမ်းကတတွတ်တွတ်နဲ့တစုံတရာကိုပြောနေပေမဲ့ အသိကတော့ ကပ်တော့တဲ့ပုံပင်မရ...။.
ဆွဲထူထားသည်မို့ Sunghoonကိုယ်က အပူရှိန်ကိုပါတဆက်တည်းခံစားမိသည်...။
နဖူးပြင်လေးကိုခပ်ဖွဖွစမ်းလိုက်တော့ မီးကျီခဲတမျှ...။

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now