ဒီအချိန်ဆိုလျှင်တော့ သူ့ရဲ့ ချစ်စရာ အိပ်ပုတ်ကလေး နိုးပြီထင်ပါရဲ့။

=======

အပြုံးကလေးဖြင့် ရီပြီး
ကြိုဆိုနေသည့် ကောင်လေးကြောင့် သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးက မနေ့ညက ကိစ္စကြောင့် ပိုပြီး ရင်းနှီးလာသလို ခံစားရသည်။

တောဝက်သတ်ထား၍
သွေးညှီနံ့ နံနေသည့် သူ့ပုံစံကြောင့် ဂျောင်ကု ရေချိုးသွားဖို့
အင်္ကျီတွေကို ချွတ်ပစ်လိုက်သည်။

''အရှင်''

တိုးသဲ့သဲ့ခေါ်လိုက်သည့်
အသံလေးလာရာဆီသို့
ဂျောင်ကု လှည့်ကြည့်လိုက်သည်။

''အရှင် မနက်ဖြန်
ဟွာဟန်းကို သွား တိုက်မယ်ဆို''

အလိုမကျမှုဖြင့် ဂျောင်ကု မျက်ခုံးတို့တွန့်ချိုးသွားသည်။ စိတ်မညစ်စေချင်လို့ ကိုယ်တိုင်တောင် ထုတ်မပြောသေးတာကို ဘယ်သူကများ ရာရာစစ။

''ဘယ်သူပြောတာလည်း''

''ဦးလေးဝမ်''

''ကျစ်''
စုပ်တချက်သပ်လိုက်သည့် အရှင်ဂျွန်၏ ပုံစံက အတော်ပင်မာန်ပါလွန်း၍ ထယ်ယောင်းခန္ဓာကိုယ်လေး
တွန့်ကနဲဖြစ်သွားသည်မှာအမှန်။

ဒေါသထွက်နေပုံရသည့်
အရှင့်ပုံစံကြောင့်
အာရုံပြောင်းလိုပြောင်းငြား
ထယ်ယောင်း
စကားစကြည့်လိုက်သည်။

''အဲ့တာက သေနတ်လား''

တံခါးပေါက်ဘေးနားရှိ
ကျွန်းသေတ္တာကို မှီထားသည့်
သေနတ်ကို လက်ညိုးထိုးပြီး
မေးလာသည့် ထယ်ယောင်း။

ဂျောင်ကုက မဆိုင်းမတွပင်
ထိုသေနတ်ကိုသွားယူကာ
ထယ်ယောင်းဆီသို့ ကမ်းပေးပြီး..

''ဘယ်လိုလည်း ကိုင်ကြည့်ချင်လား''

ထယ်ယောင်းက
ခေါင်းငြိမ့်ပြသည့်အတွက်
ထယ်ယောင်းပေါင်လေးပေါ်သို့ သေနတ်ကို အသာအယာလေး
တင်ပေးလိုက်သည်။

ဟိုဟိုဒီဒီလျှောက်ကလိနေသည့်
ထယ်ယောင်းကြောင့် မဖြစ်ပျက်သွားဖို့ဂျောင်ကုမှာ သတိပေးရပြန်သည်။

''ခလုတ်တွေ ၊ မောင်းတွေ
လျှောက်မဆွဲနဲ့ ။
တခြားကို မှန်ကုန်ဦးမယ်''

Blue Side ( Completed )Where stories live. Discover now