" ငန်သွားပြီ "

" နေပါဦး။ ငါ မြည်းကြည့်ဦးမယ် "

ဟင်းမြည်းခိုင်းပြီးမှ ကောင်လေးရဲ့ သုံးသပ်ချက်ကို စိတ်မချနိုင်တာမို့ ကိုယ်တိုင် မြည်းစမ်းကြည့်တော့ ကာတွန်းကို မျက်ဝန်းနက်နက်တွေနဲ့ စိုက်ကြည့်လာ၏။ ဟီးခနဲ တစ်ချက် ရယ်ပြရင်း ဆင်ခြေပါ ပေးလိုက်သည်။

" ငါက သေချာအောင်လို့ပါ "

ကောင်လေးက ကာတွန်းကိုသာ စိုက်ကြည့်နေရင်း လက်ရာအတွက် အကဲဖြတ်မှုကို စောင့်နေသည်။

" ငန်တယ်မလား။ ကိုယ် ပြောပါတယ် "

" နည်းနည်းလေးပဲ ငန်တာပါ ကောင်လေးရဲ့။ ထမင်းနဲ့ စားရင် အတော်ပဲ "

ကာတွန်းက ထိုကဲ့သို့သူပင်။ လုပ်သမျှ အကောင်း မဖြစ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး ပြန်ဆင်းရမှာတော့ နှုတ်တွန့်တတ်သည်။ ဟင်းချက်နေသည့် ကာတွန်းကို ထားခဲ့ရင်း ကောင်လေးက ပန်းကန် ဆေးဖို့ ပြင်၏။ အကျယ်အဝန်း သိပ်မရှိသည့် မီးဖိုချောင်းခန်းမို့ ကောင်လေးနဲ့ ကာတွန်းရဲ့ အကွာအဝေးက ခြေသုံးလှမ်းစာလောက်ပင်။

အငန်မစားနိုင်သည့် ကောင်လေးအတွက် အရသာကို ပြန်ပြင်ဖို့ လုပ်လိုက်ရသည်။

" ကောင်လေး။ ငါ ဟင်းခတ်မှုန့် ထည့်လိုက်ရမလား "

" ကာတွန်းရေ။ ဟင်းက ငန်နေတာလေ။ ဟင်းခတ်မှုန့် မထည့်ရဘူး။ ရေပဲ နည်းနည်း ရောလိုက် "

" အိုကေ။ အိုကေ။ ငါ သိပါတယ်။ ဒါနဲ့ ရေနည်းနည်းက ခွက်တစ်ဝက်လား။ အပြည့် ရောရမှာလား "

" သွားတော့။ ပန်းကန် သွားဆေး "

ဖန်ခွက်ကြည်ကြည်ထဲ ရေအေးအေးကို ထည့်ရင်း ပမာဏကို မေးတော့ လက်အိတ်တွေ ချွတ်ကာ အနား ရောက်လာ၏။ ကာတွန်းကိုလည်း ဘေးသို့ တွန်းဖယ်ရင်း ဟင်းအိုးရှေ့ နေရာယူတော့သည်။

" ကောင်လေးကလည်း ဒါလေး မေးတာကို စိတ်ကြီးပဲ "

" သိတယ်ဆို။ ပြောတော့ သိတယ်ဆို "

" အေးလေ။ သိတယ်။ ဟင်းငန်ရင် ရေထည့်ရမှာ။ ငါ ပြောတာ မဟုတ်လို့လား "

CartoonWhere stories live. Discover now