အပိုင်း - ( ၂ )

Start from the beginning
                                    

"ဘယ်လို...."

"ဟုတ်တယ် ငါ့ကောင်...မင်းရဲ့ ညီတော်က အကောင်သေးမဟုတ်ဘူး..
ဟဟ အကောင်ကြီးတာမှ တကယ်ကြီးတာကွ..."

နေသူရိန့်စကားကြောင့် သူရစက္ကမှာ ငြိမ်သက်သွားလေသည်။

"ဟဲ့ ... ငါပြောတာ ကြားလား..."

"ကြားတယ် ငါ့ကောင် ၊ သူက အကောင်ကြီးတယ်ဆိုတော့ ဘယ်လိုကြီး
တာလဲ... ပြောစမ်းပါဦး...."

နေသူရိန် ရယ်လိုက်မိသည်။

"ဟားဟားဟား... မင်းကဘယ်လိုထင်သွားတာလဲ..."

"မသိဘူးလေကွာ...သူက အကောင်ကြီးတယ် ဆိုတော့ ...သူက မာဖီးယား
ဂိုဏ်းတွေ ထောင်ထားတာလားပေါ့..."

"ဟားဟားဟား.... မင်းက တကယ့်ကောင်ကွာ...ကဲ ငါပြောပြမယ်..."

သူရစက္ကငြိမ်နေသည်မို့ နေသူရိန်သည် ဟွန့်တစ်ချက်ပြုကာ အတည်သဘောနှင့် ပြောသည်။

"သူ့ပုံစံက လူထူးဆန်းထဲပါတယ်ကွ...."

"ဘယ်လို..."

"ပြောပြရရင်လေ ဟိုးလွန်ခဲ့တဲ့ ဘိုးတော်ဘုရားလက်ထက်ခေတ်က လူတစ်ယောက်လိုပဲကွ..."

"ဟင်...!"

"ဝတ်စားတာကလည်း တောက်တောက်ပြောင်ပြောင်နဲ့ကွာ...ခုခေတ်စကားနဲ့ ပြောရမယ်ဆိုရင် ဇာတ်ထဲမှာ လူရွှင်တော်တွေ ဝတ်တဲ့ အဝတ်တွေနဲ့ မထူးဘူးရယ်..."

"ဟင်..."

"ဒီ့ထက်ပိုထူးဆန်းတာက ဘာလဲသိလား..."

"ပြော..."

"သူ့ခေါင်းပေါ်က သျှောင်ထုံးပဲ ငါ့ကောင်..."

"ဟောဗျာ..."

သူရစက္ကမှာ အံ့သြမိသည်မှာ အမှန်ပင်။ ထို့ကြောင့် ပို၍စိတ်ဝင်တစားနှင့်..

"ခေါင်းမှာရှိတဲ့ ဆံပင်ကို သျှောင်ထုံး ထုံးထားတာကွ..."

"ဟာကွာ ... ကြားရတာနဲ့ကို တကယ့်စိတ်ပျက်စရာကြီး..."

"ဟဲ့ ဟဲ့ ဟဲ့... ငါ့ကောင် စက္က ၊ စိတ်ပျက်မစောနဲ့ဦး..."

"အေးလေ...မင်းပြောတာနဲ့ကို ငါက သူ့ပုံကို ပုံဖော်ရနေပြီပဲ ဟာ..."

"အံမယ် ...သူက ဘွဲ့ရပညာတတ်တစ်ယောက်နော် သားကြီး..."

"ဘာပဲဖြစ်ဖြစ် သူ့ပုံစံကို မင်းပြောလိုက်ကတည်းက ခေါင်းမရှိတဲ့ ရူးကြောင်ကြောင် ကောင်ပဲ ဖြစ်မယ်ဆိုတာ ငါသိထားပြီးသား သူရိန်..."

ဘုဘုဘောက်ဘောက်တို့နှစ်ယောက် - ( Ongoing )Where stories live. Discover now