သူက စားပွဲကိုဗြန်းခနဲရိုက်ပြီးဆိုသည်။
"လီပိုင်က မင်းတို့ကိုလန့်သွားတာမလား?ငါ မင်းတို့ကို ညင်ညင်သာသာလုပ်ဖို့မပြောခဲ့ဘူးလား?"

ခိုင်ဖုန်းက သူ့လက်တွေကို ဘယ်ညာယမ်းပြီးအကြောက်အကန်ငြင်းတော့သည်။
"ငါတို့ တကယ်ကြီးညင်သာပါတယ်ကွာ!03ရယ် လီပိုင့်အဓိကနေရာကိုရှာတွေ့တုန်းကဆို ရှောင်ပိုင်တကယ် ကျေနပ်နေတာ.."
ရှန်းလျန်ကျွင်း ပစ်လိုက်သည့်ဓားမြောင်က ခိုင်ဖုန်း၏စကားတို့ကို တိခနဲပြတ်ကျသွားစေသည်။

မုချန်မှာ သူ့နဖူးသူဖွဖွနှိပ်နယ်နေရတော့သည်။
"ငါမင်းတို့စကားကို ယုံချင်ပေမယ့် တခြားဖြစ်နိုင်ချေတစ်ခု စဉ်းစားကြည့်လို့ကိုမရဘူး"

ခိုင်ဖုန်း စကားထမပြောခင်အထိ သုံးယောက်လုံးမှာ အတွေးကိုယ်စီကြားနစ်မြုပ်လို့နေ၏။
"အရင်တုန်းက ရှောင်ပိုင် ငါ့ကို'အဲ့နေ့ည'အကြောင်းပြောပြဖူးတယ်"
ကျန်နှစ်ဦးက သူ့စကားကို အလေးအနက်ထားနားထောင်လာသည်။
"အဲ့ခွေးကောင်က လီပိုင်ကိုမကျူးလွန်ခင် လီပိုင်ထွက်မပြေးနိုင်အောင် ခြေလက်တွေကိုချည်ထားပြီး မျက်လုံးကိုလဲစည်းထားခဲ့တယ်တဲ့"

"မင်းဆိုလိုတာက....ဖာ့ခ်!"
မုချန် အံတင်းတင်းကြိတ်လိုက်ပြီး ထိုစဉ်ကလီပိုင်နှင့်ဆွေးနွေးခဲ့သည့် စိတ်ရောဂါပညာရှင်ကိုဖုန်းဆက်၍အကျိုးအကြောင်းမေး၏။
ပြီးမှ စိုးရိမ်နေသည့် အသွင်းပြောင်းလူသားနှစ်ယောက်ကိုရှင်းပြလေသည်။
"လီပိုင့်စိတ်က ဒဏ်ရာရနှင့်နေပြီးသား။မင်းတို့ အဲ့ကိစ္စလုပ်နေတုန်း အိပ်ယာခင်းကသူ့အမြင်အာရုံကိုဖုံးသွားတော့ သူမေ့ထားချင်တဲ့ခလုပ်မောင်းကိုဆွဲမိသလိုဖြစ်သွားတာ"

မုချန်က နောက်တစ်ကြိမ်ထိုကဲ့သို့ ထပ်ဖြစ်လာလျှင် ဆောင်သင့်၊ရှောင်သင့်သည့်အချက်တို့ကိုရေးပေးနေရင်းက ဆိုသည်။
"ပိုင်ပိုင်လေးကို မင်းတို့နှစ်ယောက်လုံး ပိုဂရုစိုက်ပေးဖို့လိုတယ်။ကံကောင်းပါစေကွာ"

မုချန်ပြန်သွားသည့်တိုင်အောင် အသွင်းပြောင်းလူသားနှစ်ယောက်လုံးမှာ စကားတစ်ခွန်းမှမဆိုဖြစ်ပေ။
ရှန်းလျန်ကျွင်းမှာ လူငယ်လေးကိုပို၍ပင် တင်းတင်းကြပ်ကြပ်ထွေးပွေ့လိုက်မိသည်။
"ခိုင်ဖုန်း...မင်းသိသမျှ ငါ့ကိုအကုန်ပြောပြ"

အသွင်ပြောင်းလူသားနှင့်ချစ်ကျွမ်းဝင်ခြင်း (Myanmar Translation)Where stories live. Discover now