"မစားချင်တော့ပါဘူးမေမေရယ်"
"သားရဲ့ မနက်စာက စားရမယ် ကောင်းကောင်း ဒါမှ တစ်နေ့တာလုပ်ငန်းတွေ အားပြည့်ပြည့် လုပ်ဆောင် နိုင်မှာ"
"အခုတော့ အားမပြည့်တော့ဘူး သွားအိပ်တော့မယ်"
ဆိုပြီးထွက်သွားတော့တယ်
ဒေါ်မီမီလဲ သားရဲ့ ဖြစ်ပုံကို နားမလည်ဘဲဖြစ်နေတော့တယ်...
ဒေါ်မီမီလဲ နေ့လည်ဘက်မှာ သူငယ်ချင်းတွေနဲ့ Messenger မှာgroup call ပြောဖြစ်ကြတယ်..
စကားပြောရင်း စပ်မိစပ်ရာကနေ သားတွေအကြောင်းရောက်သွားကြတော့တယ်..
"ငါ့သားကလေ အခုတလော ဘာတွေဖြစ်နေလဲမသိပါဘူး တစ်ချိန်လုး ဦးနေတာဘဲ " ဒေါ်မေမီစပြောတော့
"တူတူဘဲ ငါ့သားဆိုလဲ ဦးမှဦးဖြစ်နေတယ် မနက်ဖန်တွေ့ရမယ် ဆိုပြီး ငါ့ကို သူ့ဦးကြိုက်တာချက်ဖို့ ပြောနေပါလေရဲ့ "ဒေါ်ပပ ပြောတော့
"တူတူပဲဟေ အိမ်ကသားမြတ်သော်ဇင်ကလဲ မနက်ဖန် သွားရင် ယူသွားဖို့ သူ့ဦးကြိုက်တာတွေ လုပ်ခိုင်းနေပါရဲ့"ဒေါ်မေဇင်ပြောတယ်
"မနက်ကလဲ သားဆွတ်က သူအိပ်ယာထ နောက်ကျပြီး မောင်လေးက အလုပ်သွားပြီဆိုတော့ စိတ်ပျက်တဲ့အမူအရာ နဲ့ မနက်စာတောင်မစား သွားဘူး "ဒေါ်မီမီပြောတော့
"သားတွေ ဘာတွေဖြစ်နေကြလဲ ငါလဲမသိတော့ပါဘူး သူငယ်ချင်းလေးယောက် သားလေးယောက် အကုန် ဦးမှဦးဖြစ်နေကြတာ သာမာန်ထက် အရမ်း ပိုသံယောဇဉ်ဖြစ်နေသလားလို့" ဒေါ်မေဇင်ပြောတယတော့
"အေးဟာ ဈာန်ထက်မြတ်သာ အိမ်ထောင်ကျသွားရင်သူတို့ ဘယ်လိုလုပ်ကြမလဲမသိဘူးအခုက အိမ်ထောင်မကျသေးလို့ ဟိုကလဲသားတွေ ကိုပြောရင်မကြိုက်ဘူး သားတွေတစ်ခုခုဖြစ်မှာဆိုးလို့ သူကိုယ်တိုင် လိုက်လုပ်ပေးတာ ဟိုနေ့ကဘဲကြည့်လေ ညစ်အကျေးတွေကို တောင် သူကိုယ်တိုင်လျှော်ပေးတာ ငါဆို မျက်နှာ ဘယ်သွားထားရမှန်းမသိဘူး သူ့တူတွေကို ရှက်သွားမှာစိုးလို့ မပြောပါနဲ့ တဲ့လေ မိဘတွေတောင် လုပ်ဖို့ခဲရင်းလာတဲ့ဟာ သူက မရွံမရှာ လုပ်ပေးတာ တော်ရုံတန်ရုံ သံယောဇဉ်မဟုတ်ဘူး ဟ " ဒေါ်မေဇင် ထပ်ပြောတော့
YOU ARE READING
အမုန်းအနန္ဒ (Completed)
General FictionUnicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတဲ့သူ ကျောင်းပြီးသည့်တိုင် ပြင်ပမှာ သင်တန်းများ diploma များသင်ယူရင်း တစ်ဖက်မှာလဲ အပိုဝင်ငွေကို စာသင...
Episode 27
Start from the beginning