D.E.C.I.S.I.O.N :10

Start from the beginning
                                    

”ဗိုက်ဆာလား
ငါ မင်းအတွက် ဆန်ပြုတ်ပြုတ်ထားတယ် ”
ထထိုင်လာတဲ့ ချန်းယောလ်ကိုကြည့်ရင်းပြောလာသည်။
ထထွက်သွားဖို့လုပ်တဲ့လူကို လက်ကနေဆောင့်ဆွဲလိုက်တာမလို့ အိပ်ရာပေါ်ပြုတ်ကျလာ၏ ။

”ချန်းယောလ် ”

ကျောပြင်ကနေဆွဲယူလိုက်ပြီး ပခုံးပေါ် မေးတင်လိုက်တော့ ဘတ်ဟျွန်းစီက သူ့နာမည်ခေါ်သံထွက်လာသည်။

အနွေးငွေ့လေး...။ နောက်ပြီး ကိုယ်သင်းနံ့ ။
ပခုံးပေါ် မေးစေ့နဲ့ ပွတ်ဆွဲနေတော့ တုန်နေတဲ့ကိုယ်လုံးလေးကို လက်အထိအတွေ့ကနေ သိရသည်။ တောင့်တောင့်လေးဖြစ်နေတဲ့ ဘတ်ဟျွန်းက အထိအတွေ့တွေနဲ့ စိမ်းသက်သက် ။

”ချန်းယောလ်...ငါ ဆန်ပြုတ်သွားယူဦးမယ်လေ ”

အတင်းတွန်းနေတဲ့ ဘတ်ဟျွန်းက သူ့အထိအတွေ့ကို ငြင်းဆန်နေတာ ။ ကြောက်နေတာလား ။ သူလောမိပြန်ပြီ ။ ချစ်တဲ့လူက ကိုယ့်ကိုမချစ်တာတော်တော်ကြီး ခံစားရခက်ပါလား ။ ကျောကိုဖက်ထားတဲ့လက်တွေကအောက်ကို လျောကျကုန်သည်။ ပခုံးပေါ်တင်ထားတဲ့ မျက်နှာက ဝေးကွာသွားပြီ ။

ချန်းယောလ်လွှတ်ပေးလိုက်မှ အသက်ဝဝရှုလို့ရပုံပေါ်တဲ့ ဘတ်ဟျွန်းက အခန်းထဲကပြေးထွက်သွားတော့သည်။

••• DECISION •••

ရင်ဘတ်ကိုဖိပြီး ဘတ်ဟျွန်း ဘီဒိုကို မှီထားရသည်။ မဟုတ်ရင် ရင်ခုန်လွန်ပြီး သေမယ်ထင်တယ် ။
ထိန်းမနိုင်တဲ့ ရင်ခုန်သံက တစ်စက္ကန့်မှာခုန်တဲ့အကြိမ်ထက်တောင်များနေမယ်ထင်တယ် ။
ဒီကောင်လေးတော်တော်ဆိုးတယ် ။ ရင်ခုန်အောင်ပဲ လုပ်နေလို့ ။

ဆန်ပြုတ်အိုးကိုမွှေရင်း အသင့်ပြင်ထားတဲ့ပန်းကန်ထဲ ထည့်မယ်လုပ်တုန်း
ခါးကို ရစ်တွယ်လာတဲ့ လက်နှစ်ဖက်...

ကျောပြင်ကို ထိကပ်နေတဲ့ရင်အုပ်ကျယ်ကျယ်
နီးကပ်နေတဲ့ အသက်ရှုသံက လည်ပင််းကို ထိစပ်လို့..

”မွှေးနေတာပဲ ...”

လည်ပင်းကို နှာခေါင်းနှစ်ပြီး မွှေးကြူလာသူကြောင့် ခန္ဓာကိုယ်က အတုန်တုန်အယင်ယင် ။
ဇွန်းခွက်ကို ကိုင်ထားတဲ့လက်က တုန်ယင်နေလို့ ပြုတ်ကျတော့မယ်။

D.E.C.I.S.I.O.N (C)Where stories live. Discover now