သို့သော် သူ အရမ်းကို နက်ရှိုင်းမိခဲ့သည်။ ပိုင်ချန် ကသူ မသိလိုက်ခင်မှာပဲ သူ့ဘဝကြီး ဖြစ်လာခဲ့သည်။ ပိုင်ချန် နဲ့တွေ့ဆုံပြီးနောက် ဖေးချန်းချီ ကစွဲလမ်းလာခဲ့သည်။ သူ့တစ်ဘဝလုံးက ဒီလူပေါ်တွင်သာ မူတည်နေသလိုမျိုး ဖြစ်လာခဲ့သည်။
ပိုင်ချန် ကသူ့ဘဝကနေ ပျောက်ဆုံးသွားချိန်တွင် ဖေးချန်းချီ ကကြီးမားသည့် အစိတ်အပိုင်းကြီးကို ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ ဘာမှမသိလိုက်ပဲ ဖေးချန်းချီ ကသူ့ဘဝရဲ့ လူတိုင်းကို တွန်းထုတ်ပစ်မိခဲ့သည်။
သူ့အနားတွင် ပိုင်ချန် သာရှိနေခဲ့သည်။ သူ့ရဲ့အရင်းနှီးဆုံး ချည်နှောင်မှုဖြစ်သည့် ဖေးရှန့် တောင်မှာ ပျောက်ကွယ်သွားခဲ့သည်။ ဖေးချန်းချီ က ပိုင်ချန် အတွက် လူတိုင်းကို တွန်းထုတ်ခဲ့ပြီး ဇူးလုံဝမ် ကိုဖယ်ထုတ်ခဲ့သည်။
ထိုအကြောင်းကို တွေးလိုက်ရင်း သူ့လက်တွေကို ဆုပ်လိုက်သည်။ ထိုလူက သူ့ကို မကောင်းဆိုးရွားလို့ ခေါ်ခဲ့သည်။ သူက လူကောင်းမဟုတ်တာကို ဖေးချန်းချီ သိခဲ့သည်။ သူက ဒီလိုလူမျိုး ဘယ်တော့မှ မဟုတ်ပေ။
အနက်ရှိုင်းဆုံးတွင် သူက ရက်စက်ပြီး မကောင်းဆိုးရွားဆန်သည့် လူတစ်ယောက်သာ ဖြစ်သည်။ သူက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်ကာ သူ့ဆီ ပိုင်ချန် ကိုခေါ်သွင်းနိုင်ဖို့ အရာအားလုံးကို လုပ်ခဲ့သည်။
ဖေးချန်းချီ ပတ်ဝန်းကျင်မှ ချီတွေက ပိုရှုပ်ထွေးလာခဲ့ပြီး ခွက်တစ်ခွက်က အစိတ်စိတ် အမွှာမွှာ ကွဲသွားခဲ့သည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်ရင်း အပြာရောင် သူငယ်အိမ်က အနီ၊ အနက်နဲ့ သူ့ပုံမှန် မျက်လုံးအရောင်ကြားတွင် ပြောင်းလဲနေခဲ့သည်။ သူ့မျက်နှာထက်တွင် အငြိုးကြီးသည့် အပြုံးက ပေါ်လာခဲ့သည်။
“ငါ့နောက်ကို လိုက်ခဲ့ရုံပဲ...” သူ့ဆီမှာ အနက်ရောင် စွမ်းအင်တွေက ထိုးထွက်လာခဲ့သည်။
ဖေးချန်းချီ ရဲ့မျက်လုံးတွေက အနက်ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့အဖြူရောင် ဆံပင်တွေနဲ့ သူ့ပုံစံက နတ်ဆိုး ကျင့်ကြံသူလို ဖြစ်နေသည်။
YOU ARE READING
𝑺𝒕𝒆𝒂𝒍 𝑻𝒉𝒆 𝑴𝒂𝒍𝒆 𝑳𝒆𝒂𝒅 (𝑴𝑴 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏)❲✓❳
Randomအဓိကဇာတ်ကောင်တွေက အမျိုးသားဇာတ်လိုက်တွေနဲ့ ပဲတွေ့ကြတာလား? ကောင်းပြီလေ၊ စာဖတ်သူတွေကတူခဲ့ကြတဲ့ အတွေးတွေကို သဘောတူတာ ငြင်းဆိုကြတာပေါ့။ နောက်ပိုင်းတော့၊ အဓိကဇာတ်ကောင်ကို ဖျက်ဆီးကြရအောင်။ ဒါကြောင့် အဓိကဇာတ်ကောင်ရဲ့ ရွှေခြေထောက်ကြီး ကိုအဝေးကို ယူထုတ်ကြရအေ...
20...
Start from the beginning