အဲ့လိုဆို..
ငါတို့အခုလို ငိုကြွေးနေရမှာမဟုတ်ဘူး..

ရေစက်လက် ဖြစ်နေသည့် ခေါင်းကို ပုဝါလေးဖြင့် အသာအယာ သုတ်ပေးနေသည့် ထယ်။
ဂျွန်ကတော့ သူ့ကိုသာ ငေးကြည့်နေလေရဲ့။

' ရပြီ။ '

အားလုံးပြီးတော့ ထွက်သွားတော့မယ့် ထယ့်လက်ကောက်ဝတ်လေးကို အသာလေး
ဆွဲထားရင်း ပေါင်ပေါ်ဆွဲခေါ်လိုက်သည်။

နောက်ခါးလေးကို အသာလေးဖက်ထားလိုက်ရင်း ငြိမ်နေမိသည်။

' လွှတ်ပေးတော့ ဂျွန် '

' ဟင့်အင်း။ '

ပိုလို့ပင် တင်းကြပ်စွာ ပွေ့ဖက်လာသည့် ဂျွန့်ကြောင့် ထိန်းထားသည့် ကြားမှ ထယ့်နှုတ်ခမ်းတွေက တုန်ရီလာကာ မျက်ရည်များက စီးကျလာသည်။

ငါနားမလည်ဘူး ဂျွန်။
မင်းကငါ့ကိုချစ်တယ် ငါကလည်း မင်းကိုချစ်တယ် ဒါကိုဘာကြောင့် ငိုကြွေးရသည်လဲ..။

မျက်ရည်စက်များက ဂျွန့်လက်ဖမိုးပေါ် ကျဆင်းသွားချိန် ဂျွန်ဟာ သူ့မျက်နှာလေးကိုကြည့်လျက် ပြောသည်က..

' မင်းကတော့မငိုပါနဲ့လား ' တဲ့..

' တစ်လလောက်ပဲ ငါ့ကိုအချိန်ပေးပါဂျွန်။ '

အဲ့တစ်လဆိုတာ ငါ့အတွက်တော့ တကယ့်ကိုအကြာကြီး ထယ်။

' နှစ်ရက်။ နှစ်ရက်လောက်တော့ ငါ့နားမှာနေပေးပါလား ထယ်။ '

ငါ့ကိုပြင်ဆင်ချိန်လေးတော့ပေးပါ။

ထိုအခါ ခေါင်းလေး ညိတ်သည့် ထယ်။

' မင်းဆေးသောက်ရမယ် ဂျွန် '

သူ့ပေါင်ပေါ်က ထကာဖြင့် တစ်နေရာရာကို သွားဖို့လုပ်နေသည့် ထယ့်လက်ကောက်ဝတ်လေးတွေကို အုပ်ကိုင်ကာဖြင့် ခါးသိမ်သိမ်လေးကိုသာ သူဟာ ပွေ့ဖက်လို့ထားသည်။

' ငါမသောက်ဘူး။ '

ငါသာဖျားနေရင် နှစ်ရက်ကနေ သုံးရက်လောက်တော့ အချိန်ရနေမှာ မဟုတ်လား။ ငါဖျားနေရင် မင်းကအနားမှာ ရှိနေပေးမှာ မဟုတ်လား..

ဆေးမသောက်ချင်ဘူး ထယ်။

' ဘာလို့လဲ ဆေးမသောက်ရင် ဖျားမယ်ဆိုတာကို မင်းလည်း သိနေတာပဲလေ ဂျွန်ရာ '

CLOVER - Volume 2 {Completed}Where stories live. Discover now