အားနည်း နေသောကောင်လေးသည် ချန်ဟွိုင်၏ လက်မောင်းကြားတွင်ရှိပြီး ရင်ဘတ်ကြီးတစ်ခုနှင့်ထိတွေ့ခဲ့သည်။ ပြီးခဲ့သည့်ညကပြင်းထန်သောဝေဒနာခံစားခဲ့ရပြီး ကျန်းယွင်၏ရင်ဘတ်တွင် အနီရောင် သွားရာများနှင့်ပြည့်နှက်နေသည်။
"မဟုတ်ဘူး၊ မင်းကတစ်ချိန်လုံးအိပ်နေလိမ့်မယ်"
ချန်ဟွိုင်က ကျန်းယွင်၏မျက်လုံးများကိုနမ်းပြီးပြောလိုက်သည်။"ဒီနေ့အပြင်မှာမိုးရွာပြီး လမ်းတွေချောနေတယ် အရူးလေးရဲ့"
"လိမ်တယ်၊ မိုးသံကသိပ်မကြီးပါဘူး။ "
ကျန်းယွင်၏ အကြားအာရုံသည် သာမန်လူများထက် ပိုမိုအားကောင်းသည်။
ချန်ဟွိုင်သည် နံနက်စောစောမိုးရွာနေသည့်အချိန်တွင် ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်ပြီး ကျန်းယွင်၏နူးညံ့သောဆံပင်ကို ပွတ်သပ်လိုက်သည်။
"ဟုတ်တယ်၊ ကိုယ်လိမ်တာ၊ ကိုယ့်ကိုလိုက်ပို့ဖို့ မင်းကိုခွင့်မပြုချင်ဘူး"
"အိုကေ ~" ကျန်းယွင် မထသေးဘဲ ကလေးတစ်ယောက်လိုပြန်ပြောလိုက်တယ်။ သူသည်နာခံမှုရှိရှိဖြင့် ချန်ဟွိုင်ကိုလွှတ်ပေးလိုက်ပြီး သူ့ဘာသာစောင်ကိုဆွဲခြုံပြီး နွေးနွေးထွေးထွေးပြန်နေလိုက်သည်။
ချန်ဟွိုင်ဘာကိုစိတ်ပူသလဲဆိုတာ သူသိသည်။ မိုးရွာတဲ့အခါ လမ်းချော်ဖို့လွယ်သည်။ ပြီးတော့ ကျန်းယွင်အတွက် အဲ့ဒါကအရမ်းအဆင်မပြေဘူး။ သူမိုးရေထဲမှာ မတော်တဆချော်လဲပြီးတဲ့ နောက်ပိုင်းကစပြီး ချန်ဟွိုင်က ကျန်းယွင်ကို တားမြစ်မိန့်ထုတ်ပြန်ခဲ့လေ၏။
မင်းနောက်ဆုံးမေးခဲ့တဲ့အချိန်ကကော။
လွန်ခဲ့သော ၄ နှစ်က။
ဒါဟာအံ့သြစရာတော့မဟုတ်ပါဘူး၊ အားလုံးကခင်ပွန်းဟောင်းနဲ့ဇနီးပါ။
(T/N: သူတို့လက်ထပ်တာ ကြာပြီလို့ပြောချင်တာထင်တယ် ကျယ်မလည်းနားမလည်ပါဘူးရှန်)ချန်ဟွိုင်ရေချိုးခန်းသို့ မသွားခင်တွင် ကျန်းယွင်၏ ဖြူသွယ်သော ခြေဖျားတစ်ဝက်လောက်အပြင်ထွက်နေသဖြင့် စောင်ကိုသေချာဆွဲခြုံပေးလိုက်ပြီး တစ်ဖန်စောင်ထဲသို့ ပြန်အောင်းနေစေလိုက်သည်။
YOU ARE READING
ဒုတိယအချစ်(ဒုတိယအခ်စ္) 【MM Translation】 (Completed)
Romance(Unicode) အိမ်ထောင်သက်၃နှစ်ရှိနေပြီဖြစ်တဲ့ကြင်နာတက်ပြီး ချစ်သူအပေါ်နူးညံ့သိမ်မွေ့တဲ့ Gong(seme) နှင့် အမြင်အာရုံချို့တဲ့ တဲ့Shou(uke) , Story Background:: လိင်တူလက်ထပ်ထိမ်းမြားခြင်းကို တရားဝင် ခွင့်ပြုထားသည် Shou ကGong ထက်၂နှစ်ကြီးပြီး ပျော်ရွှင်ကြ...