ဒီတိုင်းမိတ်ဆွေတွေပဲ

Start from the beginning
                                    

"အင်း ကျေးဇူးပဲ "

.....................

သူမ လက်ကိုင်အိတ်ပြုတ်ကျသွားလို့ ကောက်ပြီး ထလိုက်တော့ စားပွဲရဲ့မျက်နှာချင်းဆိုင်ခုံမှာ ယောကျ်ားတစ်ယောက်ရောက်နေပြီး သူမကိုပြုံးပြနေတယ်။

"မမလေးရဲ့ ကျော်ကြားမှု သတင်းတွေကို နေရာအနှံ့ကြားနေရတယ်။ခုလူချငိးတွေ့မှပဲ တကယ်ကိုအထင်ကြီးဖို့ကောင်းတယိ။ကျွန်တော့်ကို လူတစ်ယောက်က မမလေးအတွက်ဆိုပြီး လက်ဆောင်ပေးလိုက်ခိုင်းတယ်"

"ကျေးဇူးပါပဲ မင်းက..."

"ကျွန်တော့်နာမည်သိလည်း ဘာမှအကျိုးမရှိပါဘူး ကျွန်တော်က Bossကိ​ုယ်စား လက်ဆောင်ပေးရုံသာ"

ထိုသူက လက်ဆောင်ဘူးတစ်ခုအားသူမကိုပေးပြီး ထွက်သွားလေသည် ။သူမလည်း ခဏမျှသာကြည့်လိုက်ပြီး ဒီတိုင်းပဲ စားပွဲပေါ်တင်ထားလိုက်တယ်။

          ခဏနေတော့ ချင်းရန်ရောက်လာပြီး ခုနက ထိုလူထိုင်သွားတဲ့မျက်နှာချင်းဆိုင်နေရာမှာပဲလာထိုင်တယ်။ဒီကလေးကို ကြည့်ရတာ ဘာဖြစ်လို့ ဒီလောက်တိတ်ဆိတ်နေတာလဲ။ ဘာစကားမှလဲမပြောပဲနဲ့ ငါ့ဆီလာထိုင်နေတယိ။ ခေါင်းငုံထားတော့ ဘာဖြစ်နေတာလဲမသိဘူး။

"ချင်းရန်"

          သုံးခါလောက်ခေါ်မှ ခေါင်းထောင်လာတယ်။
"ဘာဖြစ်လို့လဲ ဒီနားကိုလာထိုင်အုန်း"

          ချင်းရန် သူမနားကိုလာထိုင်ပေမဲ့ သူမမျက်လုံးကို ရှောင်ကာ တခြားနေရာကိုကြည့်ပြီး
"ဘာဖြစ်မဖစ်ပါဘူး သိချင်တာလေးတွေရှိလို့"

"အင်း ပြောလေ"

"ကျဲကျဲ က ဘယ်လိုယောကျာ်းမျိုးကိုကြိုက်တာလဲ ဒီပွဲမှာရော ကျဲကျဲကြိုက်တဲ့ပုံစံမျိုးတွေ့လား"

"ဟင် ရုတ်တရက်ကြီး ဘာလို့လဲ "

       သူမပြန်မေးတော့ ဘာမှပြန်မဖြေတာမို့ ပြန်ဖြေပေးလိုက်တယ်။ကြည့်ရတာ သူမရဲ့မောင်လေးက ကောင်မလေးချောချောလေးတွေနဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားလို့ မိန်းကလေးတွေရဲ့အကြောင်းကို သိချင်လို့ အမဖြစ်သူကိုလာမေးတာဖြစ်မယ်။ ဆယ်ကျော်သက်အရွယ်ဆိုတော့ ဒါတွေကပုံမှန်ပါပဲ။

The Beginning Of Love❤(own creation)Where stories live. Discover now