သို့သော် သူဝန်မခံချင်။
Nigel နဲ့ အရည်မရမဖတ်မရ စကားများပြောချင်စိတ်မရှိတော့သည့်အတွက်ကြောင့် avi ကားပြတင်းအပြင်ဘက်ကိုသာ မျက်နှာမူထား၏ ။ ဝိညာဥ်လွင့်လာရတုန်းကဖြင့် မြန်ဆန်သလောက် အခုလက်ရှိမှာတော့ ထင်သလောက်ခရီးမရောက် ။ avi ကားပြတင်းကနေ ခပ်လှမ်းလှမ်းမှာတစ်သီးတစ်ခြားဖြစ်နေတဲ့ နွယ်အစုကိုမြင်လိုက်မိသည်။ အခုလက်ရှိ သူတို့သွားနေသည့် လမ်းတွင်နွယ်များရှိသည်မှန်သော်လည်း သူတို့က ဘေးတွင်အနည်းငယ် ကပ်နေခြင်းသာ ဖြစ်တာကြောင့် ကားလမ်းပိတ်ရသည်အထိ ဆိုးဆိုးရွားရွားမဖြစ်ပေ။သို့သော်အခု avi မြင်လိုက်သည့် နွယ်အစုသည် ယခင်ကထင် ထူထပ်ကာ ပိတ်သိပ်နေပြီး သူတို့သွားမည့်လမ်းရဲ့တစ်ဝက်လောက်ကို နေရာယူထား၏ ။ avi တို့ကားသည် ထိုနွယ်အစုတွေဘေးမှ ကွေ့ဝိုက်ကာ သွားလို့ရသည်မှန်သော်လည်း avi ထိုထူးခြားနေသည့်အရာကိုသိပ်စိတ်တိုင်းမကျ။ avi တင်မက အခြားသော ကားထဲရှိသူများသည်လည်း avi နည်းတူဖြစ်မည်ထင်သည်။
ကားမောင်းနေသည့် Jude သည် ထိုနွယ်ကို ဘေးမှ ကပ်ကာ ဖြတ်ကျော်ပြီးနောက်တွင် ကားကိုရပ်လိုက်၏ ။ Jude မှစတင်ပြီးကားပေါ်ကနေ ဆင်းလိုက်ခြင်းကြောင့်
avi တို့သည်လည်း ကားပေါ်မှဆင်းကာ Jude စူးစမ်းနေသည့် ထိုနွယ်စုရဲ့ဘေးတွင် ဝိုင်းနေကြသည်။" ဒါက နွယ်တွေပဲလေ ၊
ဘာထူးခြားနေလို့လဲ "Zero ကမေးလိုက်သည်။
" မဟုတ်ဘူး ထူးခြားနေတယ် "
Zero ရဲ့ အမေးကို Nigel က ပြန်ပြီးတုံ့ပြန်လိုက်၏ ။
" ကျွန်တော်တို့ ဒီနွယ်တွေရဲ့ အထဲကို
ကြည့်သင့်တယ်ထင်တယ် "Hakan က အကြံပေးလိုက်သည်။
" ကောင်းပြီလေ "Jude သည် သူ့ရဲ့လက်နှစ်ဖက်ကိုသာသုံးပြီး နွယ်ပင်များကို တစ်စဆီ အပိုင်းပိုင်း ဆွဲဖြတ်ပစ်၏ ။ Jude သည် သူ့ရဲ့သန်မာသောအားကို အသုံးပြုခြင်းဖြစ်ပေမဲ့ နွယ်ပင်များသည် ထင်ထားသည်ထက်ပို၍ ထူထပ်နေ၏ ။avi ချမ်းစိမ့်လာသည့် ခန္တာကိုယ်ကြောင့် လည်ပင်းဟထားသည့် အပေါ်ကြယ်သီးကိုတပ်ကာ အအေးဓာတ်ကိုခုခံလိုက်ရင်း Jude နွယ်ပင်များကို ရှင်းလင်းပြီးတဲ့အထိစောင့်နေလိုက်သည်။ နွယ်တွေက ပိုကာထူထပ်လာလေ၊ သူတို့သံသယဝင်လာလေဖြစ်သည်။ ဟိုးအတွင်းပိုင်းမှာ
နွယ် သက်သက်သာ ရှိနေသည်လို့သာ ထင်လာမိသည်။ Jude သည် ယခုအဖွဲ့တွင်အသက်အကြီးဆုံးပီပီ သူသည်သာ အရှေ့ကနေလုပ်ကိုင်နေပြီး စတင်ထားသည့်အလုပ်ကိုပြီးဆုံးအောင်လုပ်မည့် သဘောရှိသည်။
Special 11:17
Start from the beginning