Infinity ✔️{Ep-34}

Start from the beginning
                                    

Namjoon:..ငါပြောတယ့်အတိုင်းလုပ်...
ဒီကိစ္စတွေကို သူမ လုံးဝမသိစေနဲ့

* စိတ်ချပါ Boss *

အခန်းထဲကစကားတွေအားလုံးသူမကြားတော့မယုံကြည်ရဲစွာမျက်ရည်တွေစို့တက်လာတယ့် သူမ

နှုတ်ခမ်းကိုလက်နဲ့အုပ်ပြီးနံရံမှီကာကြိတ်ငိုမိတော့သည်

Soyeon pov:..သူငါ့ကိုတကယ်မချစ်ပဲ သူ့အဖေအတွက်လက်စားချေချင်လို့ငါ့ကိုလက်ထပ်ခဲ့တာလား....
ရက်စက်လိုက်တာ Joon ရယ်....
ကျမရှင့်ကိုအစကတည်းကမချစ်ခဲ့သင့်ဘူး.....

သူမစိတ်တွေလုံးဝရှုပ်ထွေးလာတာနဲ့ငိုကာထိုနေရာမှပြေးထွက်သွားတော့ အသံကြားပြီးသတိထားမိတဲ့ သူ သူမအနောက်ပြေးလိုက်ရင်းအိမ်ထဲကသူမမထွက်သွားခင်သူမလက်ကိုဆွဲလိုက်တော့သည်

Namjoon:...yeon....

Soyeon:..မခေါ်နဲ့ ကျမရှင့်အသံကိုမကြားချင်တော့ဘူး

Namjoon:..ကိုယ်တောင်းပန်ပါတယ်ကွာ
ကိုယ်ရှင်းပြတာလေးကို နားထောင်ပေးပါ

ထိုစကားကြောင့် သူဆွဲထားတဲ့လက်ကိုသူမခါချလိုက်ပြီး သူ့ဘက်လှည့်ကာမျက်ရည်တွေနဲ့

Soyeon:..ကျမလုံးဝမထင်ထားခဲ့မိဘူး ကျမကငတုံးငအတစ်ယောက်ပဲ မနေ့ညကတောင်ရှင်ပြောတဲ့အလိမ်အညာစကားတွေကြားကျမသာယာခဲ့မိတယ် ချစ်တယ် ဟုတ်လား ဘာလို့လဲ ကျမကိုပြန်ပြီးသတ်ပြစ်ချင်လို့လား ဖြေပါ 🗯️

Namjoon:..မဟုတ်ဘူး ကိုယ်မင်းကိုချစ်တယ်ဆိုတဲ့စကားကကိုယ့်ရင်ထဲကလာတယ့်စကားတွေပါ ကိုယ့်မှာအပြစ်ရှိခဲ့တာမှန်ပါတယ် ဒါပေမယ့် မင်းကြောင့်ကိုယ်ပြောင်းလဲခဲ့ရပြီး....

Soyeon:..ထပ်ပြီးတော့လိမ်ညာနေတုန်းပဲလား.....
ကောင်းပြီးလေ ကျမလည်းရှင့်ကိုနောက်ဆုံးစကားပြောလိုက်မယ် ကျမရှင့်ကိုသိပ်မုန်းတယ် သိပ်လည်းကြောက်သွားပြီး ဒီထပ်ပိုပြီးအတူတူရှေ့ဆက်စရာဘာအကြောင်းမှမရှိတော့ဘူး ဒီမှာလက်စွပ်....

သူမလက်ကလက်စွပ်ကိုချွတ်လိုက်ပြီးသူ့ဆီပြစ်ပေါက်ပေးကာ

Soyeon:..ကျမတို့ဇာတ်လမ်းဒီမှာတင်ပြီးပြီး....

ထိုစကားတွေပြောကာသူမနောက်လှည့်ပြီး အိမ်ထဲမှပြတ်သားစွာထွက်သွားခဲ့တော့သည်

Infinity ✔️Where stories live. Discover now