အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ

Start from the beginning
                                    

"အိမ်ကမိုက်လိုက်တာ ငထွန်းရ။"

မျိုးသက် သည်ပင် အသိအမှတ်ပြုရသည်အထိ ခိုင်ခံ့ ထည်ဝါလှသည်။

"အေးကွာ။ပြန်တောင်မပြန်ချင်တော့ဘူး။မိုက်ချက်။"

ပိုင်ဟိန်းခန့် ကလည်း သူ၏ နားမှ နားကြပ်တစ်ဖက်ကိုဖြုတ်ရင်း စိတ်အားထက်သန်စွာ ထောက်ခံပြောဆိုလာသည်။

"ဟယ်...ငါ့မြေးလေးတွေရောက်လာကြပြီ။
ကိုမင်းကျော်ရေ...ခင့် မြေးတွေရောက်ပြီတော့။ဆင်းလာခဲ့ဦး။"

အသက်၇၀အရွယ် အဖွားတစ်ဦးသည် အိမ်ကြီးထဲမှထွက်လာပြီး ဝမ်းမြောက်စွာဖြင့် လူငယ်များအား ကြိုဆိုသည်။

အသက်အရွယ်အိုမင်းသော်လည်း ကျန်းမာသန်စွမ်းသဖြင့် သွတ်လက်ဖြတ်လတ်ကာ အရွယ်တင်နုပျိုနေသည်။

အဖွားငယ်ငယ်ကတော်တော်လှခဲ့သည်မှန်း သိသာနေ၏။

အဖွားအိုထံမှ ကရမက်နံ့နှင့် သနပ်ခါးနံ့သင်းသင်းက လေအဝှေ့တွင် ပျံ့လွင့် မွှေးကြိုင်လာ၏။

ထွန်းသန့်လင်းက အဖွားအို၏ ကိုယ်အား ပြေးဖက်လိုက်လေသည်။ခိုင်ခံ့မောင်ကလည်း အားကျမခံဝင်ဖက်၏။

"ဟဲ့ဟဲ့ ကလေးတို့...အဘောင်လည်း လဲပါဦးမယ်တော်။"

အဖွားက မြေးနှစ်ယောက်အား ချစ်စနိုးဖြင့်ပြုံးရွှင်စွာပြောလိုက်သည်။

အရပ်ရှည်ရှည်နှင့် ဥပဓိရုပ်ကောင်းသည့် အဖိုး တစ်ဦး အိမ်ထဲမှ ထွက်လာပြီး ထွန်းသန့်လင်းကိုကြည့်ရင်းပြောလိုက်သည်။

"မြေးငယ်ကလည်း အရပ်ရှည်လိုက်လာတာကွာ။"

အဖိုးက ခိုင်ခံ့မောင်ဘက်သို့ လှည့်ကြည့်ရင်းဆိုလာပြန်သည်။

"သြော်...အထဲဝင်ကြလေ မြေးတို့။"

အဖွား၏ ဆော်သြမှုဖြင့် ခွန်မြဲဟိန်တို့ တစ်သိုက်အိမ်ထဲသို့ ဝင်ရောက်လာကြ၏။

ခိုင်မြဲစေလို...Where stories live. Discover now