" ခင်...ခင်ဗျား ကျွန်တော် မသိသေးတာ တစ်ခုခုများ သိထားလို့လား? " စုန့်ရှန်းက ရေခရားကို ချက်ချင်း ကောက်မလိုက်ပြီး ရုန်ချင်းဆီ ကပ်ဖားရပ်ဖား မျက်နှာထားလေးနဲ့ သတင်းနှိုက်ချင်နေသလို ရုန်ချင်းခွက်ထဲ ရေဖြည့်ပေးလာတယ်။
ရုန်ချင်းက သူ့မေးစေ့ကို ပွတ်သပ်နေရင်း ဘာကြောင့်မှန်းမသိ ဒီငတုံးကောင်လေး စုန့်ရှန်းနဲ့ သူနဲ့ အတော်လေး ရင်းနှီးနေသလို အမြဲတမ်း ခံစားနေရတယ်? လူအိုကြီးစုန့် ပေးထားတဲ့ အကျိုးအမြတ်တွေကို ထောက်ရှုရင်း ရုန်ချင်း သူ့ကို ကြင်နာစွာ သတိပေးလိုက်တယ် " မင်းမိသားစုမှာ ကလေးဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာလေ။ စဉ်းစားကြည့် , လူအိုကြီးက မင်း ယောက်ျားတစ်ယောက်ကို လက်ထပ်တာကို လက်ခံမှာတဲ့လား? အဲ့လိုလုပ်လိုက်ရင် သူ ဘယ်လိုလုပ် မြေးလေးရတော့မလဲ? "
စုန့်ရှန်းက ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်း မျက်နှာလေးနဲ့ " ဒီကိစ္စက..... ဇီချီနဲ့ ကျွန်တော် ဆွေးနွေးပြီးသားပါ။ ကျွန်တော်တို့ အငှားကိုယ်ဝန်ဆောင်တစ်ယောက် ရှာလိုက်မယ်လေ! "
ဝင်ပြီ! အကွက်ထဲ ဝင်သွားပြီ!
စစ်ဆေးမေးမြန်းကြစို့ဟေ့!
ရုန်ချင်းက ဝမ်းနည်းသလို ညည်းညူပြောလိုက်တယ် " မင်းအကြံဉာဏ်က သိပ်ကို အန္တရာယ်များတာပဲကွ! "
" ဘာလို့ အန္တရာယ်များရမှာလဲ? " စုန့်ရှန်း ကြောင်အသွားပြီ။
" ကိုယ်ကျင့်တရား, လောကနီတိ , အကြောင်းရင်း အများကြီးကြောင့်ပေါ့ အရမ်း အန္တရာယ်များတာနော်! " သူ ပြောတာတွေသာ အပြင်ပေါက်ကြားသွားရင် သူ့တော့ တံထွေးခွက်ထဲ ပက်လက်မြောတော့မယ်!
[ T/N :: ဒယ်ဒီလေးကို စိတ်မခုကြနဲ့! သူက စုန့်ရှန်း အကျွတ်တရားရအောင် လုပ်ပေးနေလို့ အကုန်လုံး လျှောက်ပြောနေတာ ]
ရုန်ချင်းက စုန့်ရှန်းကို နှလုံးသားထဲက ကြင်နာမှုနဲ့ သတိပေးလိုက်တယ် " ငါ မင်းကို ရိုးရှင်းတဲ့ မေးခွန်းတစ်ခု မေးမယ်။ အနာဂတ်မှာ မင်းတို့ကလေးက အမေလိုချင်လာရင် မင်းတို့ ဘယ်လို လုပ်ကြမလဲ? "
YOU ARE READING
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start Dat...
[ 1 7 ]
Start from the beginning