"စားချင်တာတွေရှိခဲ့ရင် အပါးကို အားမနာ နဲ့ ရှောင်လေးအကုန်ပြောနော် အပါးက မလုပ်တက်ရင်တောင် ရအောင်ယူပေးမယ် ဒီအချိန်တွေက အရသာပျက်တက်ကြတယ် ရှောင်လေး "
"ဟုတ်ကဲ့ အ အပါး ကျွန်တော်မှတ်ထားပါ့မယ် "
ပြုံးလျက်ခေါင်းညိတ့်ပြကာ အပါးဟုထေ့ငေါ့စွာ ခေါ်လာတယ် ရှောင်လေးကြောင့် ဝမ်ရုန် ဖြေမဆည်းနိုင်စွာဖြင့် မျက်ရည်ပိုပေါက်ကို ကျဆင်းတော့၏ ။ ပျော်ရွှင်ချင်ဆိုတဲ့ အရာထပ် အရာရာကို ပြည်စုံသွားသလိုပါဘဲ ဝမ်ရုန် ကြည်နူးမိသည် ၊ ရှောင်လေး ရဲ့ အပါးဆိုတဲ့ ခေါ်သံကို ဝမ်ရုန် ကြားဖူးချင်တာကြာပြီးမို့ အခုလို ရုတ်တရက်ခေါ်သံထိတော့ လုံးဝကို စိတ်မထိန်းနိုင်ဘဲ ငိုနေမိတော့သည် ။
"စိတ်ကလဲနုငယ်လိုက်တာ ရုန်ရဲ့ မငို နဲ့တိတ် ရုန်ငိုရင် ဒီလူက ဘယ်လိုနေရမလဲ "
"ကလေးရှေ့မှာ လောင်ချီ ကဲမနေ နဲ့ "
တံတောင်ဖြင့် တွတ်ကာမျက်စောင်းထိုး၍ ရှောင်ကျန့်ဘက်သို့ မေးဆတ်ပြတယ် အပါးကြောင့် ရှောင်ကျန့် ပြုံးမိသွားရ၏ ။ အသက်သာကြီးမြင့်လာတယ် ပါးရဲ့ အချစ်တွေက နုပျိုနေဆဲ ...။
"အချစ်ငှက်အသံကို ကြားပါတယ်လို့ ...တကယ်ကို ရောက်နေကြတာဘဲ .."
စနောက်ကာအိမ်ထဲကို ဝင်လာသည် ဝမ်ရိပေါ်က တကယ်ကို ဟန်ဆောင်ကောင်းသူ မင်းသားတပါးပါ ၊ပြုံးပြုံးရယ်ရယ် ဖြင့် ရှောင်ကျန့် နားမှ တိုးကပ်ထိုင်လိုက်တယ် ဝမ်ရိပေါ်ကို ရှောင်ကျန့် စွေကြည့် လိုက်ပြီး ဘေးကို အနည်းငယ်မသိမသာတိုးကပ်လိုက်တော့၏ ။
"သာယာတယ်မလား..ဒီလို တီးတူးချင်ရင် ရှောင်လေးကို ကပ်ထားပေါ့ "
"ကပ်လိုမရဘူး ..စုဗူးခံနေတော့ အနားတောင်ကပ်မရဘူး .."
မဲ့ရွဲကာ ပါးဖြစ်သူကို ဝမ်ရိပေါ် စနောက်ပြီး ၊ ရှောင်ကျန့် ခါးမှာ တိုးဖက်၍ သူနားကို ကပ်စေလိုက်သည်။
"စုဗူးကွဲရင်..ပါးဆီအပ်ထားလိုက်ပေါ့ ..ဟန်းနီးမွန်းတွေ ထွက်ကြလေး "
"ကိုကို ဆန္ဒရှိသေးတယ် .."
ဝမ်ရိပေါ် စကားကြောင့် ရှောင်ကျန့် လှည့်ကာကြည့်မိသည်။ ဘာစကားလဲ အရာရာကသူဆန္ဒတွေကြီးဘဲလေး ၊အခု အပါးကိုပြောလိုက်တယ် စကားက တကယ်ကို ဝမ်ရိပေါ် မဟုတ်တဲ့ အတိုင်ပင်။
part-18
Start from the beginning