19- | To The Bone

Start from the beginning
                                    

" သူ သဘောမကျလည်း ဘာလုပ်ရမှာလဲ!! ကျွန်မ သဘောကျတယ်!! "

" ဂျီအာကလည်း ကလေးဆိုးလေးကျနေတာပဲ... ဦးလေးက ဂျီအာ့ကို စိတ်ပူလို့ကို၊ ပြီးတော့.... "

ကိုတစ်ယောက် သူမဘက်ကို လှည့်ကြည့်ကာ လက်ကောက်၀တ်နှစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး လက်ချင်းချိတ်ဆက်စေသည်။

" ကိုယ်လည်းစိတ်မချဘူး "

" စာချုပ်က ချုပ်ပြီးသွားပြီ၊ ပြန်ဖျက်လို့ မရတော့ဖူး "

" ဟဟ ဟုတ်ပါပြီ "

သူမရဲ့ ပါးနှစ်ဖက်ကို ကိုက အသာဆွဲလိမ်သွားပြန်တယ်။ ပြီးတော့ သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်တယ်။ အနွေးထည် ဖောင်းပွပွတွေအစား ခပ်ပါးပါးအင်္ကျီအလွှာလေးတွေပဲ ခြားထားတာမို့ ဒီအ‌ထိအတွေ့ဟာ သူမအတွက် အသစ်အဆန်းတစ်ခုပင်။

" မွှေးတယ် "

" အိမ်သုတ်ဆေးအနံ့လား၊ ကျွန်မလည်း အဲ့အနံ့ကိုကြိုက်တယ် "

" မဟုတ်ဖူး၊ ဂျီအာ့ဆီကရတဲ့ အနံ့၊ ဂျီအာ့ကိုယ်သင်းနံ့ "

  ကိုဟာ စကားအရာမှာ တော်လွန်းတဲ့ လူတစ်ယောက်။ ဘာမှအားစိုက်ထုတ်ခြင်းမရှိပဲ သူမရဲ့ရင်ကို တလှပ်လှပ်ခုန်အောင် စွမ်းဆောင်နိုင်သူ။

  ဂျီအာမျက်နှာအပ်ထားရာ ကို့ရဲ့ရင်ခွင်ဟာ အ၀တ်ပျော့အမွှေးဆီရနံ့ ပြေပြေလေးနဲ့ သင်းပျံ့လို့နေတယ်။ ဒါပေမဲ့ သေချာနက်နက်နဲနဲ ရှူရှိုက်ကြည့်လိုက်ရင် ကို့ရဲ့ ပင်ကိုယ် ကိုယ်သင်းနံ့ကို ရနိုင်သည်။ ဂျီအာ အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ရင်း-

" ကျွန်မရော... ကျွန်မရော ကို့ရဲ့ ကိုယ်သင်းနံ့ကို သဘောကျတယ် "

▶️▶️

" အဲ့ဒါကဘာလဲ... မဆင်ရသေးတာလား "

ကို့ရဲ့ လက်ညှိုးညွှန်ပြရာ နေရာကို ကြည့်လိုက်တော့ ဒီနေ့မနက်ကမှ လာပို့ထားတဲ့ ပရိဘောဂ ပါဆယ်setတစ်ခု။

" အော် အဲ့ဒါလား၊ ပက်လက်ကုလားထိုင်လေ၊ အရင်တစ်ခုက errorပါလာလို့ ဒီနေ့မနက်မှ အသစ်တစ်ခုပြန်လာလျော်ပေးတာ၊ မနက်ဖြန်ကျရင် ဆင်ပေးဖို့ ကုမ္ပဏီက ၀န်ထမ်းတစ်ယောက် လွှတ်ပေးမယ်တဲ့ "

-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉWhere stories live. Discover now