ရှီရှန်း၏စီတန်းလှည့်သံကမကြာခင်မှာပဲသူတို့၏အာရုံကိုဖမ်းစားသွားတယ်

ကျန့်ဇီနဲ့ ချင်ဟွားတို့က ညဏ်ပြေးတာကြောင့်ချက်ချင်း
ပြန်ဆုတ်လိုက်တယ်

နှစ်ဘက်စလုံးကသိပ်မကျယ်တဲ့လမ်းပေါ်မှာဆုံကြတယ်

 ရှီရှန်းက အနက်ရောင်ပိုးသားဝတ်ရုံကို ၀ တ်ထားပြီးမြင်းကြီးကို စိတ်ချလက်ချစီးနေတယ် သူမဆံပင်တွေကို မစည်းဘဲ ချထားပြီး
လေထဲမှာလွင့်မျောနေတယ်။  သူမရဲ့ လှုပ်ရှားမှုတိုင်းက ရဲရင့်သောယုံကြည်မှုနှင့်ပြည့်နေပုံပေါ်တယ်

"ကျန့်ဇီ နင်မသေသေးဘူးလား"  'ဒါသူမပဲဆိုတာ
သေချာသိတယ်!'

 "နင်တောင်မသေသေးတာ
ငါကဘာလို့သေရမှာလဲ"  သူမအံကြိတ်လိုက်တယ်
  "ကျွင်းလီယုန်!! ဒီနေ့ကနင်သေရမယ့်နေ့ပဲ!"

 "အိုး?  ဘယ်လိုနည်းနဲ့လဲ? ."  ရှီရှန်းကမျက်ခုံးပင့်လိုက်တယ်

ရှီရှန်း ရဲ့အရှိန်အဝါတွေအောက်မှာ မရှုံးသွားဖို့အတွက် ကျန့်ဇီက ခါးကိုမတ်လိုက်တယ်
"မြို့ကို စစ်သူကြီးချုပ်က ဝိုင်းထားပြီးပြီမို့လို့ နင့်မှာပြေးဖို့ နေရာမရှိဘူး!"

"အိုး..အဲ့တော့သူ့ကိုစည်းရုံးခဲ့တာနင်ပေါ့"

'ကောင်းကင်ဘုံက စစ်သူကြီးချုပ်ကို ကူညီတာမထူးဆန်းပါဘူးလေ'

ကောင်းကင်ဘုံက အမျိုးသမီးဇာတ်လိုက်တွေကို တိုက်ရိုက်ဘက်လိုက်လို့မရပေမယ့် သက်ဆိုင်သူကို ကူညီလို့ရတယ်

"အဲ့တော့ဘာဖြစ်လဲ"

"အဓိပ္ပါယ်မရှိတာတွေရပ်လိုက်ပြီး အခုပဲတိုက်တာပေါ့"
 ရှီရှန်းကသူမ၏ဓားကိုဆွဲထုတ်လိုက်ပြီးမြင်းရဲ့ဖင်ကိုရိုက်လိုက်တယ် ပြီးတော့အရှေ့ကိုတိုးဝင်သွားတယ်

ကျန့်ဇီရဲ့အမူအယာ ပြောင်းသွားတယ်

ချင်းဟွား ကသူမကိုခေါ်ပြီးနောက်ကိုဆုတ်သွားတယ် သူ့စစ်တပ်ကိုတော့ ရှီရှန်း နဲ့ထိပ်တိုက်တွေ့စေတယ်

အရင်တုန်းကလို သူမရဲ့ ချီစွမ်းအင်ကို ဟန့်တားတာတို့ အသားမကျတာတို့တွေမရှိတာကြောင့် သူမအတွက်ဒီစစ်တပ်ကြီးကို အမြစ်ဖြုတ်ဖို့အေးဆေးပဲ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now