လိပ်ပြာငယ်လေး🚨12💚

Start from the beginning
                                    

မိုက်တယ်.....တော်တော့်ကိုမိုက်တာ။
ဟော့ဟော့ရမ်းရမ်းပဲ။

ဂျယ်လီငါးလေးကတော့ တံတွေးတွေ မြိုချမိရက်သား။

"မိုက္လား...?"

မော့နေတဲ့ မျက်နှာတော်ကို အောက်ပြန်ချကာ ပြန်မေးသည်။

"အင်းအင်း...မိုက်တယ်..မိုက်တယ်"

မမိုက်လို့လဲမရတော့ မမိုက်ပါဘူးပြောရင်နောက်ထပ်ဘာတွေ ထုတ်ပြအုံးမလဲ မသိတာမို့စိတ်ချမ်းသာအောင်သာ မိုက်တယ်ပေါ့။

"နောက်ခါလှတယ်လို့မသုံးနှုန်းနဲ့...."

ဒီလိုအဆင်းလှမှုမျိုး ကိုလှတယ်မသုံးနှုန်းနဲ့တဲ့
လှတယ်မိုက်တယ်ဆိုတာထက်ပိုလေးနက် ပိုနက်နဲတဲ့စကားလုံးရှိရင်တောင် နေ့တိုင်းပြောနေမိမှာ
အေသအခ်ာ။

"အောက်ဆင်းမယ်လေ......အိမ်ကိုလိုက်ပြပေးမယ်"

"ငါ့ကအိမ်ငှါးမဲ့သူမှ မဟုတ်တာဘယ်ကိုလိုက်ပြမှာလဲ"

"မဟုတ်လဲ နှစ်ယောက်မရှိတဲ့ jiက အိမ်ပိုင်ရှင်ဖြစ်လာတော့မှာလေ..."

"တစ်နည်းအားဖြင့်ကျွန်တော့်မိန်းမပေါ့"

ပေါ့ပေါ့ပါးပါပါပဲ အထစ်များစွာနဲ့ခမ်းနားလှတဲ့လှေကားတွေကိုတစ်လှမ်းချင်းလှမ်းပြီးပြောလာတာက
တကယ်ကိုပေါ့ပေါ့ပါးပါး....။

ဒီကောင်လေးကဘာကောင်လေးလဲ....... ။

သူ့ကိုချစ်တယ်လဲမပြော ကြိုက်တယ်လဲမပြောပါပဲ
သူကလဲ ချစ်တယ်လဲမပြောမိ ကြိုက်တယ်လဲမပြောမိ
ပါပဲနဲ့လက်ထပ်ဖို့အထိတောင် တွေးပြစ်နေပြီ။

အနေအထိုင်တွေနီးကပ်နေလွန်းလို့
သူ့ကိုပေါသလိုဆက်ဆံနေတာလား....။
အတွေးတစ်ချို့က စနှိပ်ဆက်လေပြီ။

"............."

ကြောင်ကြောင်အအနဲ့အတွေးထဲမြောနေတဲ့လိပ်ပြာလေး။

"Ji...Ji!"

"ဘာတွေစဉ်းစားနေတာလဲ..."

"မင်းငါ့ကိုဘယ်လိုတွေသဘောထားနေတာလဲ။
မင်းထင်နေသလိုပေါ့ပေါ့တန်တန်လို့သတ်မှတ်ထားတာလား?...ပေါပေါပဲပဲ လူလို့ ထင်နေတာလား?
နမ်းချင်တိုင်းနမ်းမယ် ပြောချင်တာတွေပြောမယ်
မလိုတော့ရင်ထားခဲ့မယ် အ့ဲလိုတွေသတ်မှတ်နေတာလား Jung kook"

ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]Where stories live. Discover now