သူ့ကို သူ့ထက်ပို၍ (2)

Start from the beginning
                                    

ကျောပြင်ကျယ်ကြီးစီက အသက်ရှူသံမှန်မှန်ထွက်လာတယ်။ ညအိပ်မီးရောင် ခပ်ဖျော့ဖျော့အောက်မှာ သူသိပ်ချစ်ရတဲ့အမျိုးသားက ရှောင်းကျန့်ကိုကျောပေးလို့ အိပ်နေတယ်။ သူ့ရဲ့ အသက်ရှူသံလေးကိုတောင် မြတ်နိုးရတယ်။ သူ့ရဲ့အရာရာ ...ကောင်းခြင်း ဆိုးခြင်း အားလုံးကို ရှောင်းကျန့်က သဘောကျနှစ်သက်တယ် ။ အကြိမ်ကြိမ် နမ်းရှိုက်ဖူးတဲ့ ဒီအမျိုးသားရဲ့ လည်ပင်းနားက မှဲ့လေးကို တို့ထိ့ဖို့ လက်ရွယ်မိပေမဲ့တုန်ရီနေတဲ့လက်ချောင်းတို့က ရည်ရွယ်ရာကိုမရောက်သွားခဲ့။  တသက်လုံးအတွက် ပိုင်ဆိုင်ခွင့်မရှိဘူးလားဆိုတဲ့အတွေးက လူကိုသိမ်ငယ်ရစေတယ်။

"ထွက်သွားပေးရမလားဟင် ....ကျွန်တော်ကဝမ်ရိပေါ်အတွက်  အနှောင့်အယှက်ဖြစ်နေပြီလား..."

"ကျွန်တော်မရှိရင် ဝမ်ရိပေါ်က ပျော်မှာလား "

*********************************

"သူ့ကိုပြောမှာပါ ..."

"ယုံပါ ကျွန်တော် ကောကိုပဲချစ်တာပါ
သူ့ကိုချစ်တယ်လို့တောင် မပြောဖူးဘူး "

"အားလုံးဖွင့်ပြောပြီးရင် ဒီအိမ်မှာမနေတော့ဘူး၊ သူကနားလည်မှု့ရှိပါတယ်ကောရဲ့၊ ရိုးပြီးအေးလဲအေးတယ်၊ကျွန်တော့်ကိုချည်နှောင်ထားမဲ့သူမျိုးမဟုတ်ဘူး၊ကျွန်တော်သူ့ကို ဘာကတိမှလဲမပေးထားဖူးဘူး"

"ပါးပါးတို့လဲစောင့်နေတယ် ၊ အခုလာခေါ်မယ်နော်၊အားလုံးက ကောကိုတွေ့ချင်နေကြတာ "

တံခါးအကွယ်မှာရပ်လို့ အသံမထွက်မိအောင် နှုတ်ခမ်းကို လက်လေးနဲ့အုပ်ပြီး ငြိမ်သက်နေမိတယ်။ ဝမ်ရိပေါ်ရဲ့ခြေသံက တဖြည်းဖြည်းဝေးသွားခဲ့ပြီ။ ရှောင်းကျန့်ရဲ့နှလုံးသားတစ်ခုလုံးက အေးခဲသွားခဲ့တယ်။

မချစ်ခဲ့ဘူးတဲ့လား.....အသိုင်းအဝိုင်းကြားထဲ အခြောက်လေးဆိုပြီး အနှိမ်ခံခဲ့ရ အဖယ်ကျဉ်ခံခဲ့ရတဲ့ ရှောင်းကျန့်ရဲ့ဇာတ်သိမ်းကဒါမျိုးလား။ အဆုံးသတ်တော့ သူပြန်ရသည်က ဒီလိုမျိုးပေါ့ ....

အဝတ်ဘီရိုကိုဖွင့်လို့ အဝတ်အစားတွေအားလုံးကိုဆွဲချပစ်လိုက်တယ်။ မဝတ်ဘူး။ sean ဆိုတဲ့လူရဲ့ ပုံရိပ်တွေထင်ဟပ်စေတဲ့ ဒီအဝတ်တွေကို သူမဝတ်ဘူး။ သူကရှောင်းကျန့်ပဲ ...sean မဟုတ်ဘူး။

Short Stories CollectionWhere stories live. Discover now