ဆိုင်၏အလယ်က ခုံမှာ ယောကျာ်းသုံးဉီးထိုင်နေကြသည်။နှောင်းတို့ဝင်သွားတာနဲ့ ထိုထဲမှ အမျိုးသားတစ်ဉီးက လက်ယှက်ကာလှမ်းခေါ်သည်။
ထိုင်မဲ့နေရာရောက်တော့ ဇာမ်က ခုံတစ်ခုံကို အရင်ထုတ်ကာ နှောင်းကိုထိုင်စေသည်။ပြီးမှ နှောင်းဘေးမှ ခုံမှာဝင်ထိုင်သည်။

"ဟျောင့်တွေ ဒါငါ့ချစ်သူလေ နှောင်းစစ်တဲ့ မင်းတို့ကတော့ ကိုနှောင်းလို့ခေါ်ပေါ့"

သူ့တို့ထက် အသက်ကြီးသော သူ့ချစ်သူနှောင်းကို တလေးတစားခေါ်ရန် သေချာထည့်ပြောလိုက်ခြင်းဖြစ်သည်။တော်ကြာ နှောင်းစစ်ဟေ့ကောင်လို့ခေါ်နေမှဒုက္ခ။ဂုဏ်သိက္ခာတရားနဲ့ပြည့်စုံနေသော လေးစားကြည်ညိုဖွယ်အပြည့်အ၀နဲ့ လှပလွန်းသောသူ့ချစ်သူနှောင်းကို သူ့သူငယ်ချင်းတွေအပါအ၀င် လူတွေအကုန် လေးလေးစားစားဆက်ဆံကြတာကိုပဲလိုချင်၏။

(A/N)ဟေ့ရောင်တွေ ကိုကိုလို့ပဲဝိုင်းခေါ်ကြဟေ့

"ကိုကို ဒါက ဇွဲပြည့်မာန်တဲ့ ဒါကကျ လွှမ်းစစ်သည်တဲ့ သူတို့က ကျနော်ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ကောင်တွေ။ဒီကောင်ကကျ ဆေးရောက်မှသိတာ သူ့ကိုသိတယ်မလား စိုင်းသူရမင်းထက်လေ။"

"အော်အင်း တွေ့ရတာဝမ်းသာပါတယ်"

အနည်းနဲ့အများတော့ နှောင်းစိတ်ထဲစိုးရိမ်ပူပန်မိသွားသည်။ဇာမ်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတာက အကြောင်းမရှိ စိုင်းသူရမင်းထက်ကကျ ကိုယ့်တပည့်။
ကျောင်းမှာသတင်းတြွေပန့်ကုန်မှာ သူ့တပည့်တွေမလေးစားကြတော့မှာတော့ နှောင်းစိတ်ပူမိ၏။
ဒီအခြေအနေတွေက နှောင်းကိုနေရခက်စေတာတော့အမှန်

"တွေ့ရတာဝမ်းသာပါတယ် ကိုနှောင်း ကျွန်တော်တို့ကိုလည်း ဇာမ်ကြီးကိုခင်သလိုခင်နိုင်ပါတယ်။ကျွန်တော်တို့ တကယ်ရှော့ရသွားတာသိလား ဇာမ်မင်းဆက်ဆီက ဒီလို သူ့ချစ်သူပါဆိုပြီးမိတ်ဆက်ပေးတာ တစ်ခါမှမကြုံဖူးဘူးလေ ဘာပဲပြောပြောကျွန်တော်တို့သူငယ်ချင်းကိုအပ်ပါတယ်"

ဆိုပြီး ဇာမ်မိတ်ဆက်ပေးထားတဲ့ လွှမ်းစစ်သည်ဆိုသည့်လူမှ စကားဆိုလာသည်။နှောင်းလဲ ထိုသူ့ကို တစ်ချက်ပြန်ပြုံးပြလိုက်သည်။

မောင့်နှောင်းငယ် (Complete)Where stories live. Discover now