~~~~~~~~~~~~~~~~~~~~
နှင်းဆီဖြူလေးများပွင့်လန်းနေသောခြံဝန်းထဲမှအဖြူရောင်အိမ်လေး။အဖြူရောင်ခန်းစည်းများ၊နံရံဆေးဖြူများဖြင့်အလှဆင်ထားသောထိုအိမ်ဖြူလေးထဲကဧည့်ခန်းရှိလူသားနှစ်ယောက်။ချစ်ရသူလွှတ်ထွက်သွားမည်ကိုစိုးကြောက်ဟန်ဖြင့်တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတဲ့ကောင်လေးရဲ့ရင်ခွင်ထဲကသူမှာတော့နှလုံးသားလေးပျောက်ဆုံးနေရဲ့။
"မင်းရုံးမသွားဘူးလား"
မောင်သည်ကိုရီးယားနိုင်ငံ၏နာမည်အကြီးဆုံးLaw Firmရှိအထက်တန်းရှေ့နေတစ်ယောက်ဖြစ်သည်။ကိုင်သမျှအမှုတိုင်းနိုင်လေ့ရှိပြီးအမှန်တရားကိုမြတ်နိုးတဲ့မောင်ဟာသူအညာခံနေရတာကိုသိရင်ဘယ်လိုနေလိမ့်မလဲ။ဒီလိုတွေးမိတော့ဆော့ဂျင်ကြောက်မိသွားသည်။
အပြစ်တွေအတွက်ကြောက်ရွံနေတာမဟုတ်ဘဲအနှစ်နှစ်အလလကတည်ဆောက်ခဲ့တဲ့သူငယ်ချင်းသံယောဇဉ်လေးပျက်စီးသွားမည်ကိုကြောက်နေမိတာဖြစ်သည်။
"အင်း......နောက်တစ်ပတ်မှပြန်တက်မလို့.......ဘာလို့လဲ"
ခေါင်းကိုဖွဖွနမ်းရင်းဆိုလာတော့ပြုံးမိသွားသည်။အရေးကြီးလှပါတယ်ဆိုတဲ့အလုပ်တွေကိုပစ်ထားပေးတဲ့အထိမောင်ဟာသူ့အပေါ်ချစ်ပေးခဲ့ပါသည်။နိုင်ငံခြားကမိဘများအထောက်အပံ့များမပါပဲတစ်ကိုယ်တည်းရပ်တည်နေသောမောင်သည်သူ့တစ်ယောက်တည်းကိုသာမိသားစုလိုသတ်မှတ်ထားကြောင်းကိုလည်းစိတ်လိုလက်ရပြောတတ်သေးပြန်သည်။တစ်ခါတစ်လေတော့လည်းမောင့်ကိုကြည့်နေရတာတောင်အားနာလှသည်။
"မောင်.....လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဒီနေရာမှာဘာတွေဖြစ်ခဲ့တာလဲ"
ပြောလိုက်တော့ကွက်ကနဲပျက်သွားတဲ့မျက်နှာလေး။မပြောချင်မှန်းသိနေပေမယ့်သိချင်နေမိသည်။ကားအက်စီးဒင့်ဖြစ်ခဲ့ခြင်းအကြောင်းကိုသေပေမယ့်အထင်လွဲခဲ့သောအကြောင်းသည်မောင်ကိုယ်တိုင်ရှင်းပြမှရပေလိမ့်မည်။
"ကိုယ်မပြောချင်ဘူးဂျင်လေးရယ်.....အဲ့နေ့ကအကြောင်းတွေပြောရင်ကိုယ်ကိုကိုယ့်လည်းမခွင့်လွတ်နိုင်ဘူး......ပြီးတော့ခက်ခက်ခဲခဲပြန်တည်ဆောက်ထားတဲ့ထယ်ယောင်းနဲ့ဆက်ဆံရေးလေးပြန်ပျက်စီးသွားမှာကြောက်တယ်"
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]
Episode:18
Start from the beginning